မလေးရှား တက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အခြေခံအဆင့်နဲ့ တက်ရောက်နိုင်

ကျွမ်းကျင်မှုအတတ်ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူ၊  အခြေခံပညာအဆင့် ရှိ သူတွေ သြဂုတ်လအတွင်း ဖွင့်လှစ်မယ့် သင်တန်းကို မလေးရှားနိုင်ငံ Segi Colleage Sarawak ကျောင်းခွဲတွေမှာ တက်ရောက်နိုင်တယ်လို့ သိရတယ်။

ဖွင့်လှစ်မယ့် သင်တန်းက Automotive Technician, Motor Vehicle  Technician နဲ့ Printing ပိုင်ဆိုင်ရာ DTP Artist, Graphic Designer အပါအဝင် Front Office ပိုင်းဆိုင်ရာ Front Office Assistant/Supervisor သင်တန်းတွေ အတွက် ကျောင်းသားတွေ ခေါ်နေ တာ ဖြစ်ပါတယ်။ Read the rest of this entry

မြန်မာ့မော်ဒန်ပန်းချီပြခန်း မလေးရှားတွင် ဖွင့်လှစ်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန

ပြခန်းတွင် ထားရှိသော မော်ဒန် ပန်းချီတချို့

မြန်မာ့ မော်ဒန်ပန်းချီ ပြခန်းတစ်ခုအား မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ်တွင် ဇူလိုင်လ (၂၄) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ Read the rest of this entry

သြစတြေးလျ-မလေးရှား ဖလှယ်ရေး မြန်မာ ဒုက္ခသည်များအပေါ် သက်ရောက်

ချင်းမိုင် (မဇ္ဈိမ)။          ။ ယခုအပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသည့် မလေးရှားနှင့် သြစတြေးလျတို့၏ အငြင်းပွါးဖွယ်ရာ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်မှာ မြန်မာဒုက္ခသည်များ အရေးနှင့်လည်း သက်ဆိုင်နေသည်။ Read the rest of this entry

ဒုက္ခသည် လှဲလှယ်ရေး သဘောတူစာချူပ် တနင်္လာနေ့တွင် လက်မှတ်ရေးထိုးသွားမည်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဇူလိုင် (၂၃) ရက်၊ ၂၀၁၁ ခုနှစ်။

မလေးရှား – သြစတြေးလျ နှစ်နိုင်ငံ သဘောတူညီချက် အရ ဒုက္ခသည် လှဲလှယ်ဆောင်ရွက်မှုအား ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ အစိုးရ ကိုယ်စားလှယ်အဖြစ် ပြည်ထဲရေးဝန်ကြီး Datuk Seri Hishamuddin Hussein နှင့် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Chris Bowen တို့က နှစ်နိုင်ငံ သဘော တူညီချက်အရ ဒုက္ခသည် လှဲလှယ်ဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည်များထဲမှ (၄၀၀၀) အား သြစတြေးလျနိုင်ငံတွင် ပြန်လည်နေရာချထားပေး ရန်နှင့် သြစတြေးလျနိုင်ငံသို့ လှေစီးပြီး ဝင်ရောက် လာကြသည့် မြန်မာ – မူဆလင် (ရိုဟင်ဂျာ အမည်ခံ) ဒုက္ခသည် (၈၀၀) အား မလေးရှားနိုင်ငံ တွင် ပြန်လည် နေရာချထားပေးမည့် သဘောတူ စာချူပ်အား လာမည့် တနင်္လာနေ့တွင် လက်မှတ်ရေး ထိုးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားဒုက္ခသည် လဲလှယ်ရေးသည် ပိုပြင်းထန်လာ

DK–ဒုက္ခသည်များကို ထိန်းသိမ်းထားသူမှာ မလေးရှားအစိုးရ မဟုတ်ပဲ သြစတြေးလျ ဖြစ်နေကြောင်း ယခင် မယ်လ်ကွမ်းဖရေဇာ (Malcolm Fraser) အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့ သူ ဂျော်န်မီနာဂျူး (John Menadue) မှဝေဖန်ခဲ့သည်။

ဂျော်န်မီနာဂျူးမှ ဆစ်ဒနီရင်ပြင်အဖွဲ့ (Sydney Forum) အား ယခု အပတ်ပြောဆိုဆွေးနွေးခဲ့မှုတွင် ၄င်း၏ ဗီယက်နမ် ဒုက္ခသည် အရေးအား ၁၉၈၀ ခုနှစ်များ အတွင်း ဖြေရှင်းခဲ့သည့် အတွေ့အကြုံမှ ယခုမလေးရှားနှင့် ဒုက္ခသည်လဲလှယ်ရေး အပေးအယူသည် ဖြေရှင်းရန် နည်းလမ်း တခုဖြစ်ကြောင်း အတော်အတန်ယုံကြည်မှုရှိကြောင်း ဆိုခဲ့သည်။ ထိုစဉ်က သိန်းနှင့်ချီသော ဗီယက်နမ်ဒုက္ခသည်များ အားပြန်လည်နေရာချထားမှုတွင် မလေးရှား၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးပါခဲ့ကြောင်း ၄င်းမှဆိုခဲ့သည်။ Read the rest of this entry

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

အောင်ရဲလင်း (စစ်တွေ)

သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှား ဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့်ပါဝင်တဲ့ လုပ်ငန်းစဉ် တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။ ဒီ ညွှန်ကြားချက်ရဲ့ အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသား တစ်နေ့ထက်တစ်နေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့  တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံ တင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ် လာခဲ့တာပါ။ Read the rest of this entry

ဒုက္ခသည် ဖလှယ်ရေး မလေးရှား ဆိုရှယ်လစ်ပါတီ ဝေဖန်

KH:မလေးရှားက ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်ကို သဘော တူညီခြင်းသည် သြစတြေးလျက ဒုက္ခသည် ပြဿနာကို မလေးရှားထံသို့ လက်ပြောင်း ပေးအပ်ခြင်း ဖြစ်ကြောင်း  မလေးရှား ဆိုရှယ်လစ်ပါတီ ပါလီမန် အမတ်တဦး ဖြစ်သူ ဒေါက်တာ Jeyakumar Devaraj က ပါတီ၏ ၁၃ ကြိမ်မြောက် ကွန်ဂရက် တွင် သတင်းစာ တစောင်သို့ ပြောဆို လိုက်သည်။

“သြစတြေးလျက ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ နိုင်ငံကို ဒုက္ခသည်တွေ ပို့တော့မယ်၊ မလေးရှားမှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူများ အကြား ကွာဟချက် သိပ်မရှိဘူး၊ သူတို့တွေက တခြား နေထိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသားတွေနဲ့ အတူပဲ” ဟု  ဒေါက်တာ Jeyakumar Devaraj က ဆိုသည်။ Read the rest of this entry

ချိန်တန်ပြီလား မလေးရှား

စာရေးသူ – မန်းကိုကို

ဇူလိုင် ၉ ရက်နေ့မှာ မဲရွေးချယ်မှုတရားမျှတရေးခေါင်းစဉ်နဲ့ လူပေါင်းသောင်းချီပြီး ကွာလာလန်ပူမြို့ထဲမှာ ဆန္ဒပြ ခဲ့တာ ကြားသိကြမှာပါ။ သံယောဇဉ် နက်နက်နဲနဲရှိလှတယ် မဟုတ်ပေမယ့် ဘဝရဲ့ ဆယ်စုနှစ် တစ်ခုနီးနီး အချိန်အကုန် ခံခဲ့တဲ့ နေရာဒေသမို့ မေ့လို့မရပဲ မကြာခဏစိတ်ထဲ ကြုံရင် ကြုံသလို ပြန်ဝင်လာတတ်ရာက အခုဖြစ်သွားတဲ့ဖြစ်ရပ်က အရင် သိထားမိတာတွေနဲ့ တွဲယှဉ် စဉ်းစားစရာတွေ ဖြစ်လာပါတယ် ။

မလေးရှားလို့ဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ မကြာခင်က ထွက်လာခဲ့တဲ့၊ သြစတြေးလျရဲ့ ခိုလှုံသူအယောက် ၄,၀၀၀ လက်ခံမယ်ဆိုတဲ့သတင်းကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီသတင်းကြောင့် ယိုးဒယားခိုလှုံရာစခန်းတွေမှာ တတိယနိုင်ငံထွက်ဖို့ မစောင့်နေနိုင်တော့လို့ မလေးရှားကို သွားချင် သူတွေတောင် ရှိတယ်လို့ ကြားမိလိုက်ပါသေးတယ်။ အဲဒီလိုအတွေးဝင်မိသူတွေ မျောက်သစ်ကိုင်း လွတ်နိုင်တဲ့ အရေး တွေးပြီး ရင် တော့လေးပါတယ်။

Read the rest of this entry

မလေးရှား အစိုးရက တရားမဝင် အလုပ်သမားများကို မှတ်ပုံတင်ခွင့် ပြုမယ့် အစီစဉ် ရွှေ့ဆိုင်း

မလေးရှားအစိုးရက နေပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် မှတ်ပုံတင်ခွင့် ပြုမယ့် အစဉ်စီကို စတင် လုပ်ကိုင်စဉ်မှာ အဆင်မပြေမူတွေ တွေ့ရှိ ခဲ့ရတဲ့ အတွက် အဲဒီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ကြောင်း မလေးရှားနိုင်ငံ ထုတ် စတား (The Star )  သတင်းစာတွင် ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုသို့ ရက်အကန့်သတ်မရှိ ရက်ရွှေ့ဆိုင်း လိုက်ကြောင်းကို မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွက် စရီ ဟီရှန်မူဒင် ဟူစိန် ( Datuk Seri Hishammuddin  Hussein) က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက “ တရားမဝင် အလုပ်သမားများကို ဘိုင်အို မက်ထရစ် (biometric) စနစ်နဲ့ မှတ်ပုံတင်မယ့် ကိစ္စကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း ရက်ရွှေ့လိုက်ကြောင်း ၊ နည်းပညာပိုင်းပြသာနာ ၊ အမျိုးသားလုံခြုံရေး ကိစ္စများကို အရင် ဖြေရှင်းရမှာ  ဖြစ်ကြောင်း “ ပြောကြားလိုက်ပါတယ်။ Read the rest of this entry

တရားမျှတသော ရွေးကောက်ပွဲ ကို အလိုရှိနေကြတဲ့ မလေးပြည်သူလူထု

ဇူလိုင် ၉ ရက်နေ့ ကွာလမ်လာပူမြို့ ကိုတာရာယာ ကားဂိတ်အနီး လူထုဆန္ဒပြပွဲ ( ဓါတ်ပုံ- AAR )

လွတ်လပ်ပြီး တရားမျှတသော  ရွေးကောက်ပွဲတစ်ခုကို   ကျင်းပပြုလုပ်ပေးရန်  တောင်းဆိုသည့် အနေဖြင့်   မလေးရှားနိုင်ငံ ရှိ  အတိုက်ခံပါတီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အဏ္ဏဝါ ကိုထောက်ခံတဲ့လူ များက  ဦးဆောင်၍  လူထု ဆန္ဒ ပြ ပွဲ တစ်ခုကို ယနေ့ ဇူလိုင်-၉ရက်နေ့  နေ့လည် ၂ နာရီ မှ စ၍  ကွာလမ်လာပူ မြို့ရှိ အဓိက  နေရာ ၃ နေရာတွင်  လူထုဆန္ဒ ပြပွဲ ကို ဆင်နွဲ သွားကြသည်။ Read the rest of this entry

Follow

Get every new post delivered to your Inbox.

%d bloggers like this: