မလေးရှား အစိုးရ၏ အဆင့် (၆) ဆင့် စီမံကိန်းတွင် ဒုက္ခသည်များ ပါဝင်ရန် မလို

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဇူလု (၀၇)၊ ၂၀၁၁ ခုနှစ်။

ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှား အစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင် ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကဒ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ်လုပ်ခွင့် တရားဝင် ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေ ထိုင်နိုင်ဖို့ စတာတွေ အတွက် ပိုက်ဆံပေးစရာ မလိုတဲ့အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင် ဆောင်ရွက်ရန် မလိုဘူးလို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ Read the rest of this entry

သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ကြစို့


မလေးရှားရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်လက်မှတ် မပြုလုပ်လိုကြ

ကျလွန်းထော – မလေးရှားအစိုးရ ခွင့်ပြုချက်ဖြင့် ၄င်းတို့တွင် ရောက်ရှိနေသည့် နိုင်ငံအခြားမှ တရား မဝင် အလုပ်သမားများကို မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ သံရုံး၌ တရားဝင် နေထိုင်ခွင့် လက်မှတ် ပြုလုပ်ရန် ညွှန်ကြားထားသော် လည်း မြန်မာနိုင်ငံ အလုပ်သမား အများစုမှာ မပြု လုပ်လိုကြောင်း ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမားများ ငြင်းဆိုသည့် အကြောင်း အရင်းကား ငွေကြေးကုန်ကျမှု များခြင်းနှင့် မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ တိကျသောအာမခံ မရသောကြောင့် ဖြစ်ကြောင်း တရားမဝင် နေထိုင် နေသူ မြန်မာ အလုပ်သမား တစ်ဦးက ပြောသည်။
Read the rest of this entry

AAR ကဒ် ကိုင်ဆောင်သူများ သိရှိစေရန်

မိမိတို့ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ၏ ကဒ် နောက်ကျောဘက် နေရာတွင် အီးမေးလ် လိပ်စာ၊ ဝက်(ဘ်)ဆိုဒ် လိပ်စာနှင့် ဖုန်းနံပတ်များအား ယမန်နေ့ ဇွန်လ (၂၁) ရက်နေ့က စတင်ပြီး ပြောင်းလဲ ထားပြီး ဖြစ်ပါသည်။

၎င်းတို့မှာ – ယခင် အသုံးပြုနေသော အီးမေးလ်လိပ်စာ (arakan.aar@gmail.com) နေရာတွင် (aarmalaysia@gmail.com) အဖြစ်လည်းကောင်း၊ ဆက်သွယ်ရန် ဖုန်းနံပတ်များ ဖြစ်ကြသည့် (016-268-2609 နှင့် 016-277-9365) တို့နေရာတွင် (016-268-2609 နှင့် 03-2141-1332) အဖြစ် လည်းကောင်း ရုံးဝက်(ဘ်)ဆိုဒ် (arakanaar.weebly.com) နေရာတွင် (arakanaar.wordpress.com) အဖြစ်လည်းကောင်း အသီးသီး ပြုပြင် ပြောင်းလဲပြီး ဖြစ်သည်။

AAR ကဒ် ကိုင်ဆောင်သူများ အနေဖြင့် မိမိတို့အား ဆက်သွယ်ရာတွင် အသစ်ပြုပြင် ပြောင်းလဲထားသော ရုံး အီးမေးလ် လိပ်စာနှင့် ရုံးဖုန်းနံပတ်များကိုသာ ဆက်သွယ်ကြပါရန် အသိပေးအပ်ပါသည်။

မလေးရှားနိုင်ငံမှ တက္ကသိုလ်နှင့် ကောလိပ်များအကြောင်း သိကောင်းစရာ

စုစည်းတင်ပြသူ – ဦးရည်မွန်

မလေးရှားနိုင်ငံတွင် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်၊ ကောလိပ်ကျောင်းပေါင်း (၅၀) ကျော် ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံရှိ မိမိတို့၏ မိသားစု၊ ဆွေမျိုးသားချင်းများထဲမှ မလေးရှား တက္ကသိုလ်၊ ကောလိပ် ကျောင်းများတွင် ပညာသင်ကြားလိုပါက ကျောင်းများ ရွေးချယ်ရာတွင် မှန်မှန် ကန်ကန် ဖြစ်စေရန် အတွက် The Star ပါ သတင်းများကို မှီငြမ်း၍ သတင်းဆောင်းပါး အဖြစ် ဖော်ပြပေး လိုက်သည်။

မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ မလေရှားနိုင်ငံတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များကို အဆင့် (၆) ဆင့်ဖြင့် ခွဲခြား သတ်မှတ်ပေးခဲ့သည်။ အဆင့်ကို အင်္ဂလိပ်ဘာသာဖြင့် (Tier) ဟု ခေါ်၍ ယင်းအဆင့် တစ်ခုစီကို အဓိပ္ပာယ် သတ်မှတ်ချက်များဖြင့် ဖော်ပြသည်။ Tier 6 (အဆင့် – ၆) ကို Outstanding ဟု လည်းကောင်း ၊ Tier 5 (အဆင့် – ၅) ကို Excellent ဟုလည်းကောင်း ၊ Tier 4 (အဆင့် – ၄) ကို Very Good ဟုလည်းကောင်း ၊ Tier 3 (အဆင့် – ၃) ကို Satisfactory ဟုလည်းကောင်း ၊  Tier 2 , Tier 1  ကို  Weak ဟု၍လည်းကောင်း အသီးသီး သတ်မှတ်သည်။ Read the rest of this entry

ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့-ပြန်ကြားရေးဌာန
ဇွန်လ (၂၀) ရက်နေ့၊ ၂၀၁၁ ခုနှစ်။

ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် အဖြစ် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ရုံးမှာ မနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ Read the rest of this entry

မြန်မာသည် ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံဖြစ်

ဧရာဝတီ
ဇွန်လ (၂၀) ရက်နေ့၊ ၂၀၁၁ ခုနှစ်

ပြည်တွင်း ပဋိပက္ခ မငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၄၁၅၇၀၀ ခန့် နိုင်ငံမှ စွန့်ခွာ ထွက်ပြေးကြပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂ၏ ယနေ့ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဘင်္ဂလော့ဒေ့ရှ် နိုင်ငံတွင် မှတ်ပုံတင်မထားသည့် မြန်မာဒုက္ခသည် ၂ သိန်းခန့် ရှိနေပြီး ထိုင်းနိုင်ငံ အတွင်းရှိ နိုင်ငံမဲ့ ၅ သိန်း ၄ သောင်းခန့်အနက် အများစုမှာလည်း မြန်မာနိုင်ငံမှဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ UNHCR ၏ ထုတ်ပြန် ချက်အရ ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံများမှာ ပါကစ္စတန်၊ အီရန်၊ ဆီးရီးယားနှင့် ကွန်ဂို တို့ဖြစ်သည်။ စီးပွားရေး အခက်အခဲကြောင့်လည်း ဒုက္ခသည် အဖြစ် နိုင်ငံကို စွန့်ခွာမှုများလည်း ရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ရခိုင်ပြည်အမျိုးသားကောင်စီမှ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဇွန်လ (၁၉) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)

ANC ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ ဟောပြောနေစဉ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထုတွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင်ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထု တွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင် ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။ Read the rest of this entry

ကမ္ဘာ့ဒုက္ခသည်များနေ့ ကွာလာလမ်ပူတွင် ကျင်းပပြုလုပ်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဇွန်လ (၁၈) ရက်နေ့၊ ၂၀၁၁ ခုနှစ်

ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က စပြီးတော့ (၂၀) ရက်နေ့အထိ မလေးရှားနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ (KL Central Station) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ကို မလေးရှားနိုင်ငံ ရှိ မြန်မာ ဒုက္ခသည်တွေနဲ့အတူ နီပေါလ်၊ ပါကစ္စတန်၊ ဆိုမာလီးယား၊ နီဂရိုး ဒုက္ခသည်တွေနဲ့ အန်ဂျီအို အဖွဲ့တွေနဲ့ ဒုက္ခသည် ကိုယ်စားပြု အဖွဲ့အစည်းအသီးသီးက တက်ရောက်ခဲ့ကြပါတယ်။ Read the rest of this entry

နိုင်ငံတကာ ဒုက္ခသည်များနေ့ ပြပွဲ မဲဆောက်၌ ကျင်းပ

နိုင်ငံတကာ ဒုက္ခသည်များနေ့ ပြပွဲ ခန်းမ (ဓာတ်ပုံ – ဧရာဝတီ)

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံမှ ဒုက္ခသည်များရှိနေခြင်းကို နိုင်ငံတကာက ပိုမိုသိရှိနိုင်ရန်အတွက် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဦးစီး၍ နိုင်ငံတကာ ဒုက္ခသည်များနေ့အကြို ဒုက္ခသည်များဆိုင်ရာ အခမ်းအနားနှင့် ပြပွဲတရပ်ကို ယနေ့ စတင်၍ မဲဆောက်မြို့တွင် ကျင်းပသည်။

UNHCR အပါအ၀င် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO အဖွဲ့ ၁၃ ဖွဲ့က အဆိုပါအခမ်းအနားကို ၂ ရက်ကြာကျင်းပ မည် ဖြစ်သည်။ နိုင်ငံတကာ ဒုက္ခသည်များ နေ့မှာ ဇွန်လ၂၀ ရက်နေ့ ဖြစ်သည်။ Read the rest of this entry