နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မလေးရှား ရခိုင်အဖွဲ့တစ်ခုမှ ပြုလုပ်

မတ်လ (၉) ရက်၊ ၂၀၁၁ ခုနှစ်
မိုးမိုးကျော် (Arakan Review)

 

နှစ် ၁၀၀ ပြည့် ရွှေရတု နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် မလေးရှားရှိ ရခိုင် ဒုက္ခသည်များ မဟာမိတ် အဖွဲ့ (AAR) မှ ဥက္ကဋ္ဌ မခိုင်ဇင်မျိုး ဦးဆောင် သည့် အမျိုးသမီးများ အဖွဲ့သည် မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ဘာတူ အာရမ်းတွင် ရှိသည့် Positive Living Community (PLC) သို့ မတ်လ ၆ ရက်နေ့က သွားရောက်ခဲ့ပြီး အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်(စ်) ဝေဒနာရှင် လူနာများ အား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရ သည်။

ယခုကဲ့သို့ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့မှုနှင့် ပတ်သက်ပြီး  ရခိုင် ဒုက္ခသည်များ မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မခိုင်ဇင်မျိုးက Arakan Review ကို ပြောပြခဲ့ပါ သည်။

“မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဒီလို နေရာမျိုးမှာ တွေ့ရလို့ ကျမအနေနဲ့ အရမ်း ၀မ်းနည်းမိ ပါတယ်။ ဒါပေမယ့် သူတို့ စိတ်ဓာတ် မကျဖို့နဲ့ အားမငယ်ဖို့ တတ်နိုင် သမျှ ပြောပြခဲ့ပါတယ်။  ဝေဒနာ ခံစား နေရတဲ့ မိခင်တွေလည်း ဒီအထဲမှာ တွေ့ခဲ့ရပါတယ်။ မိခင်တွေအတွက် သူတို့ ရဲ့ ကလေးတွေကို ဆက်လက်ပြုစု စောင့် ရှောက်ဖို့နဲ့ စိတ်အားမငယ်ဖို့ တိုက်တွန်း အားပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ယောင်္ကျား ဆုံးသွားပြီး သိပ်မကြာသေးတဲ့ သူတွေလည်း တွေ့ခဲ့ရပါတယ်။ ပြီးတော့ သူတို့အနေနဲ့ ဒီလိုရောဂါဝေဒနာ ခံစားနေရတဲ့ အချိန်မှာ လူ့အသိုင်းအ၀န်းတခုလုံးနဲ့ အဆက်ဖြတ်ခံနေရပါလား ဆိုတဲ့ အသိစိတ်မျိုး မခံစားစေရအောင် ကျမနဲ့အတူ ပါလာကြတဲ့ မိန်းကလေးတွေက ကိုယ်တိုင် ချက်ပြုတ်ပြီး တရင်းတနှီး ထမင်းလက်ဆုံ စားစေခဲ့ပါတယ်။ ဒီအတွက် ကျမတို့အနေနဲ့ ဂုဏ်လည်းယူပါတယ်။ တချိန်တုန်းက ဘာပဲဖြစ်ခဲ့ခဲ့ ခုလိုအချိန်မျိုးမှာ ဘယ်သူမဆို အားပေးစကား နှိမ့်သိမ့်မှုတွေတော့ လိုချင်ကြမှာ အမှန်ပါပဲ။ ခုလို ဆန္ဒဖြည့်ဆည်းပေး နိုင်ခဲ့ လို့လည်း ကျမတို့အနေနဲ့ ၀မ်းနည်း ၀မ်းသာ ဖြစ်မိပါတယ်။”

Positive Living Community (PLC) သည် မူးယစ်ဆေးဝါးစွဲနေသူများ၊ အရက်စွဲနေသူများ၊ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်(စ်) ရောဂါဝေဒနာရှင်များနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများအတွက် မှီခိုအားထားရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ PLC ၌ ရောဂါဝေဒနာရှင် ၁၀၀ ခန့်ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ဒုက္ခသည် ဦးရေ ၁၀ ကျော်အား UNHCR ၏ အကူအညီဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် PLC သို့ သွားရောက် အားပေးစကား ပြောကြားခဲ့ ကြသည့် ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ဒုက္ခသည် ရခိုင် လူမျိုးများအား ကူညီစောင့်ရှောက်ရန် ၂၀၀၉ ခုနှစ် အောက်တိုဘာလ  (၄) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။

Source: Arakan Review

Advertisements

Posted on March 13, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: