မလေးရှားကျောင်းသူကို ဆေးတိုက်၍ အုပ်စုလိုက် အဓမ္မပြုကျင့်

 

လန်ဒန်မြို့်ရှိ နာမည်ကြီးကောလိပ်ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသော မလေးရှား ကျောင်းသူတစ်ဦးကို ကျောင်းသားတစ်စုက ဝိုင်းဝန်းအဓမ္မပြုကျင့်သော အမှုတစ်ခု မကြာမီက ဖြစ်ပွားခဲ့သည်။

အမှုမှာ လန်ဒန်မြို့ တောင်ပိုင်းရှိ ဂရီးန်ဝစ်ဂ်ျ တွင်ရှိသော ဘယ်လာဘီကောလိပ်တွင် ပညာသင်ကြား နေသော (၁၈)နှစ်အရွယ် မလေးရှားကျောင်းသူအား တကျောင်းတည်းနေ ရုရှား ကျောင်းသားများက အဓမ္မပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။ အဓမ္မပြုကျင့်ရာတွင် ပါဝင်ခဲ့သော သူများမှာ အသက် (၁၉)နှစ်မှ (၂၃)နှစ်အတွင်း ဖြစ်ကြပြီး တရားသူကြီးက ရဲစစ်ဆေးရန် ရမန်ရက်ကို တရားရုံးတော်တွင် စစ်ဆေးမှု မတိုင်ခင်အထိ ခွင့်ပြုထားသည်။

ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူများမှာ (၇)ယောက်ခန့် ရှိပြီး ၂ယောက်ကို အာမခံဖြင့် လွှတ်ပေးကာ တစ်ယောက်ကို တရားသေလွှတ်ပေးခဲ့သည်။ စွဲချက်တင်သူ ရဲအရာရှိ ”လင်းတိုလေ” ၏ အဆိုအရ ယခုအချိန်ထိ မည်သူကမျှ ဝန်ခံခြင်း မရှိသေးဟု သိရပြီး ၄ဦးက အာမခံယူရန် လျှောက်ထားခြင်း မရှိဟု ဆိုသည်။ ပြစ်မှု ကျူးလွန်သူများထဲတွင် ရုရှားထောက်လှမ်းရေးအရာရှိ ”အိုလက်အိုင်ဗန်နော”့ ဆိုသူ ပါဝင်ပြီး အိုင်ဗန်နော့မှာ အမှုမဖြစ်ပွားခင် တပါတ်ခန့်ကမှ လန်ဒန်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်ဟု ဆိုသည်။ အဖမ်းခံထားရသူ ၄ယောက်အနက်မှ ၂ယောက်သာလျှင် ရှေ့နေငှားရမ်း မည်ဟု သိရသည်။

အမှုမှာ ဇန္နဝါရီလ (၂၁)ရက်ညက ပါတီပွဲကျင်းပနေစဉ်အချိန် ကျောင်းသားများ နေထိုင်ရာ နေရာ၏ ဟောခန်းများအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါကောလိပ်သည် နှစ်စဉ်မလေးရှားကျောင်းသား အများအပြား တက်ရောက်သင်ကြားရာဖြစ်ပြီး ကျောင်းလခမှာ တစ်နှစ်စာအတွက်ပင်လျှင် ရင်းဂစ်ငွေ ကိုးသောင်းနီးပါး ကုန်ကျသည်ဟု ဆိုသည်။

အဓမ္မပြုကျင့်ချိန်တွင် မိန်းကလေးကို မူးယစ်ဆေးဝါးတိုက်ထားပြီး အိုင်းဖုန်းဖြင့် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားရာ အဆိုပါအိုင်ဖုန်းကို ရဲကသိမ်းယူခဲ့သည်။

Souce: Lann Thit Journal

 

Posted on March 15, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: