တတိယနိုင်ငံသို့ ထွက်ခွာကြမည့် မြန်မာ တိုင်းရင်းသားများ ဒုတိယနိုင်ငံအဖြစ် မလေးရှားကို ပိုမို ရွေးချယ်လာကြ

မလေးရှားသို့ ပြောင်းရွှေ့သွားသူ များလာသဖြင့် တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည် စခန်း

အမေရိကန် ၊သြစတေးလျှ၊ဥရောပ စသည့် တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ဒုတိယနိုင်ငံအဖြစ် မလေးရှားနိုင်ငံကို ပိုမို ရွေးချယ်လာကြကြောင်း စုံစမ်း သိရှိရသည်။

ယခင်က တတိယ နိုင်ငံသို့  အခြေချကြမည့် တိုင်းရင်းသား အများစုမှာ ထိုင်းမြန်မာ နယ်စပ်ရှိ မဲလ၊ နို့ဘိုးနှင့် မယ်ဟောင်ဆန် စသည့် ဒုက္ခသည် စခန်းများမှ တစ်ဆင့် ထွက်ခွာကြသော်လည်း ယခုနှစ်လည်ပိုင်းမှ စ၍ မလေးရှားမှ တစ်ဆင့်ထွက်ခွာမှု ပိုမိုများပြားလာကြကြောင်းသိရသည်။

မလေးရှား နိုင်ငံတွင် မြန်မာ ဒုကသည်အဖြစ်ခံယူ၍ အမေရိကန် ပြည်ထောင်စု တွင်ပြောင်းရွှေ့ အခြေချလာသူ တစ်ဦးဖြစ်သူ ကိုဆလိုင်း အောင်ဝင်း က ပထမတော့ အလုပ်သွားလုပ်တာ အဆင်မပြေဘူး နောက် NGO တစ်ခုက ယူအန် (UNHCR) လျှောက်ကြည့်ပါလား ပြောတာနဲ့  ယူအန် သွားလျှောက်တယ် ၊ရီဖျူဂျီ သတ်မှတ်ခံရပြီး သိပ်မကြာဘူး ရှစ်လလောက်ပဲ ထင်တယ် အမေရိကန် ကိုထွက်ရတယ် ။ တစ်ချို့ ဆို ခြောက်လလောက်ပဲ ကြာတယ် ” ဟု Freedom News Group သို့ ပြောသည်။

မလေးရှား နိုင်ငံ ကွာလမ်လာပူ မြို့ အပါအ၀င် ကလန်တန် အခြားမြို့ များတွင် ရှိသော ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခြင်း ခံရပြီးလျှင် တတိယ နိုင်ငံ သို့  လအနည်းငယ် အတွင်း ထွက်ရသည် ဆိုသော သတင်းကြောင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွင်း နေထိုင် သူ အချို့ မှာ မလေးရှား နိုင်ငံ သို့ ပြောင်းရွှေ့ ပြီး ဒုက္ခသည် အဖြစ်ခံ ယူမှု ပိုမို တိုး ပွားလာသည်။

မဲဆောက်မြို့ မြောက်ဘက် ၅၄ ကီလိုမီတာ အကွာရှိ မဲလ ဒုက္ခသည် စခန်းအတွင်း နေထိုင်သူ ကိုစောလွင်ဦးက “ကျွန်တော် ဒီစခန်းထဲမှာ နေလာတာ ဘာသုံးနှစ် ကျော်ပြီ၊ ဒုက္ခသည်လို့ အသိအမှတ် အပြုမခံရသေးဘူးလေ အမေရိကန် ဆိုတာ ဘယ်နေမှန်းတောင် မသိဘူး အခု မလေးရှားက မြန်တယ် လို့ ပြောကြတော့ ဒီက လူတွေ အကုန် မလေးရှားကို သွားကြတော့မယ်။ ပိုက်ဆံမရှိတဲ့ လူတွေ ကတော့ ကျန်ခဲ့ပေါ့လေ။ တချို့ ကတော့ မြန်မာ ပြည်ထဲကို ၀င် ပတ်(စ)ပို့ ပြန်လုပ်ပြီး မလေးထွက်မယ့် သူတွေလဲရှိတယ် လို့ ပြောတယ် “ ဟု့ ပြောသည်။

မလေးရှားတွင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခြင်းကို ကုလ မဟာမင်းကြီးရုံးမှ လျှင်မြန်စွာ ဆောင်ရွက်ပေးသဖြင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းနေသူ အချို့ မှ မလေးရှားနယ်စပ် မှ တစ်ဆင့် ကွာလမ်လာပူတွင် ဒုက္ခသည် အဖြစ် အသိ လျှောက်ထားမှု ပိုမို တိုးပွား လာသည် ဟု သိရသည်။

ထိုင်း ဒုက္ခသည်စခန်း အတွင်းမှ နေ၍ မလေးရှားသို့ ပြောင်းရွှေ့လာသူ တစ်ဦးက  “ကျွန်တော်က အုန်းဖျန် စခန်း မှာနေတာ လေးနှစ်ရှိနေပြီ အခုထိဘာမှ မထူးခြားတာနဲ့ ဒီကိုထွက်လာတာ။ ထိုင်းစခန်းတွေမှာ အလုပ်လုပ်လို့ မရဘူး၊ စခန်းအပြင်လဲ ထွက်လို့ မရဘူး၊ ရိက္ခာလဲ မရ အကုန် ခက်ခဲတယ် ဒါကြောင့်ထွက်လာတာ အခုဒီမှာ ယူအန် ရပြီးရင် အလုပ်လုပ်လို့ ရတယ် နောက် နှစ်နှစ်လောက်ဆို အမေရိကန် သွားရတော့မယ် ဟု ပြောသည်။

မလေးရှားရှိ ကုလဒုက္ခသည်များ မဟာမင်းကြီးရုံးဒုက္ခသည် အဖြစ်အသိအမှတ် ပြုထားသူများ အနက် ရိုဟင်ဂျာ လူမျိုးများမှာ အများဆုံးဖြစ်ပြီး ချင်း၊ကချင် နှင့် ရခိုင်လူမျိုးများလည်း ပါဝင် သည်။

မလေးရှားနိုင်ငံမှ နေ၍ တတိယ နိုင်ငံ သို့ ထွက်ခွာခွင့်လျှင် မြန်မှု ကို အကြောင်းပြု၍ လူပွဲစား ဆန်ဆန် လုပ်ငန်းများ လည်းပေါ်ထွန်းလာသည်။

ထိုကဲ့သို့ လုပ်ငန်းများ နှင့် ပတ်သက် ၍ ဆီလန်ဂေါတွင် နေထိုင်သည့် ကိုထွန်းအေး က “ဒီကနေ အမေရိကန်သွားရတာ ပိုလွယ်တယ်ဆို တော့ အဲလိုပဲ နီးစပ်ရာတွေ ကို ခေါ်ကြတာပေါ့ တစ်ချို့ ဆို ရန်ကုန် မှာ အိမ်ပါရောင်းပြီး တစ်မိသားစုလုံး ပြောင်းလာတာတွေလဲရှိတယ်၊တစ်ချို့ ကတော့ ယူအန် မရခင် စပ်ကြား အလုပ်ရှာပေးမယ် နေဖို့ ပေးမယ် ဆိုပြီး တစ်ယောက်ကို ၁၅ သိန်းနဲ့ ခေါ်ကြတာတွေလဲရှိတယ် ”ဟု ပြောသည်။

မလေးရှား မှ တစ်ဆင့် တတိယ နိုင်ငံ သို့ အမြန်ဆုံးထွက်ရသည့် ဂယက်ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်း တွင် လည်း လူပွဲစားကယ်ရီ များ ပေါ်ပေါက်လာသည်။ ထိုင်းနိုင်ငံ မဲဆောက် မြို့ မှ နေ၍ ကွာလမ်လာပူ အထိ အရောက် ဘတ်သုံးသောင်းယူ၍ ပို့ ဆောင်ပေးသော ၀န်ဆောင် မှုမှာ လည်း ထိုင်း-မြန်မာ ဒုက္ခသည် စခန်းများ အတွင်း ရေပန်းစားနေသည်။

မလေးရှား ရှိ ဒုက္ခသည်များဆိုင်ရာ ကုလ မဟာ မင်းကြီးရုံးမှ ယခုနှစ်ထဲတွင် ချင်း နှင့် ကချင် လူမျိုးများကို မွန်လူမျိုးများကဲ့သို့  ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးခြင်းများ စတင်ခဲ့သဖြင့် မွန်လူမျိုး အများစု လည်း မလေးရှားတွင် ဒုက္ခသည် အဖြစ် လျှောက်ထားမှု ပိုမိုများပြားလာ သည်။

Freedom News သတင်း ၀က်ဘ်ဆိုဒ်မှ ကူးယူ ဖော်ပြပါသည်။

Advertisements

Posted on March 19, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: