သင်္ကြန်တွင်းမှာ လူငယ်များ အထူးသတိ ထားကြဖို့ လမ်းပြကြယ်ပြောဆို

ပေးပို့သူ – ကိုကျော်သောင်း (ဘန်ကောက်)
မတ် ၂၇ ရက်၊ ၂၀၁၁ ခုနှစ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့် ၁၄နှစ် အရွယ် မောင်ဝေယံဖြိုး မိခင်လာရောက် တိုင်ကြားစဉ် ပဲခူးမြို့အခြေစိုက် လမ်းပြကြယ် ဦးမြင့်အေး က ယခုကဲ့သို့ မြန်မာ မိဘ များအား သတိပေးပြောကြား လိုက်ခြင်းဖြစ်သည်။

လမ်ပြကြယ်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “မနေ့က ILO ကိုတိုင်လိုက်ပြီးဖြစ်ပါတယ်။ လာမယ့် သင်္ကြန်မှာ ကလေးတွေ လမ်းပေါ်ထွက်ပြီးပျော်ကြမယ်၊ရေကစားကြမယ် အိမ်ပြန်တာ အချိန် လွန်ကောင်း လွန်မယ်ပေါ့။ ဒီအခါမှာ မိဘတွေက  ကိုယ့်သားသမီးတွေ စစ်သား စုဆောင်းတဲ့ လူတွေလက်ထဲကိုမရောက်အောင် အထူးသတိထား ကြပါလို့ ကြိုတင် သတိပေးချင် ပါတယ်” ဟု ပြောဆိုသွားသည်။

ပဲခူးတိုင်းဥက္ကံမြို့ ဦစိုးမြင့် နှင့်ဒေါ်ခင်မာလွင် တို့၏ အသက်၁၄နှစ်အရွယ် မောင်ဝေယံဖြိုး ဆိုသည့် ကလေးငယ် မိခင်နှင့်အတူ မွန်ပြည်နယ် ကျိက်ထိုမြို့အနီး ရာဘာခြံတစ်ခုတွင် အလုပ် လုပ်နေကြသူများဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မိဘများ မရှိစဉ် ကျိက်ထို အခြေစိုက် ခလရ(၂)မှတပ်သားတင်ဇေါ်လင်း ကိုယ်ပိုင်အမှတ် တ/၄၃၉၄၈၉ ဆိုသူ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်ခင်မာလွင်က “ကျမတို့ တပ်ထဲကိုသွားရှာတဲ့အခါ မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒီ တပ်သား တင်ဇော်လင်းလည်း ထွက်ပြေးသွားပြီးလို့ပြောတယ်။ ဒီသားလေးနဲ့အတူ လုပ်စားနေကြ တာပါ” ဟု ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း ယခုရာက်ရှိလာသည့် ကလေးစစ်သား စုဆောင်းခံရမှုမှာ (၇)ဦးမြောက် ဖြစ်ကြောင်း၊ တစ်ဦးကို ILO ကူညီပေးမှုကြောင့် မိဘရင်ခွင်သို့ ပြန်ပို့ နိုင်ခဲ့ပြီးဖြစ်ကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးက ပြောသည်။

တိုင်ကြားစာ

Advertisements

Posted on March 26, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: