ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် စခန်းများ မကြာခင် ပိတ်မည်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ – ပြန်ကြားရေးဌာန
ဧပြီ ၁၁ ရက်၊ ၂၀၁၁ ခုနှစ်။

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းတခု

ထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး ဒုက္ခသည် စခန်းတွေကို မကြာခင်မှာ ပိတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး အကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာ အမြဲတစေ နေထိုင်နေကြတဲ့ မြန်မာလူမျိုး ၁ သိန်းကျော်ကိုလည်းပဲ မိခင်နိုင်ငံကို ပြန်ပို့တော့မယ်လို့ ထိုင်းနိုင်ငံ အစိုးရ အရာရှိတွေက ဒီကနေ့မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်လာတာဟာ နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပါပြီ။ ဒါဟာ သူတို့တွေကို စောင့်ရှောက်ရဖို့ ကျနော်တို့အတွက် ဝန်ထုပ်ဝန်ပိုး တခုလို ဖြစ်နေပါတယ်” လို့ အမျိုးသားလုံခြုံရေးကောင်စီ အုပ်ချုပ်ရေး အရာရှိကြီး တာဝမ် ပလိန်ဆရီ က ဝန်ကြီးချုပ် အဘီဆစ် နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“ကျနော်တို့အနေနဲ့ ဒုက္ခသည်စခန်းတွေကို ဘယ်တော့ ပိတ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီလိုမျိုး လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။ ပြီးတော့ မြန်မာအစိုးရနဲ့ လည်းပဲ ဒီကိစ္စကို ဆွေးနွေးနေကြပါပြီ” လို့ သူက ပြောပြခဲ့ပါတယ်။

Ref: AFP

Advertisements

Posted on April 12, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: