မလေးရှားရောက် ရခိုင်လူမျိုး ဒုက္ခသည် တစ်ဦး ကွယ်လွန်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဧပြီ ၁၅ ရက်၊ ၂ဝ၁၁ ခုနှစ်

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်လူမျိုး ဒုက္ခသည် တစ်ဦးဖြစ်သူ မောင်ဇော်လင်း၊ အသက် (၃၁) နှစ်၊ UNHCR Ref No. 354-10C8129 သည် ကွာလာလမ်ပူရှိ ဆွန်ဂိုင်း ဘလိုး ဆေးရုံ၌ ပြီးခဲ့သော ဧပြီ (၇) ရက်နေ့ ညနေတွင် ကွယ်လွန် သွားခဲ့ပါသည်။

ကွယ်လွန်သူ မောင်ဇော်လင်း သည် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် မှ ဖြစ်ကြောင်း သိရှိရသည်။

မောင်ဇော်လင်း၏ အသုဘ အခမ်းအနားအား ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) မှ ဦးဆောင်၍ ဧပြီ (၁၃) ရက်နေ့ နေ့လည်၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ ရှိ Cheras သချိုင်္င်းတွင် မီးသဂြိုင်္လ်  မြုပ်နှံပေးခဲ့ပါသည်။

ပူချူန်း အသောကရာမ ကျောင်းတိုက်မှ ဆရာတော်တစ်ပါးမှ ရေစက်ချ အမျှပေးဝေစဉ်

အသုဘ အခမ်းအနားသို့ မလေးရှားနိုင်ငံရှိ ရခိုင်လူမျိုး ၁ဝဝ ခန့် လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

မိမိတို့ ရခိုင်ဒုက္ခသည်များ မဟာမိတ်အနေဖြင့်  ကွယ်လွန်သူ မောင်ဇော်လင်း၏ ရခိုင်ပြည်ရှိ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်းနှင့် မောင်ဇော်လင်း ကောင်းရာ သုဂတိ ရောက်ရှိစေရန် ရည်ရွယ် လျက် ရက်လည် ဆွမ်းကျွေးမှုကိုလည်း ပြုလုပ်ခဲ့ပါသည်။

Posted on April 15, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: