တိုင်းရင်းသား ဒုက္ခသည်များ၏ ပဒေသာ ကပွဲ ကျင်းပပြီးစီး

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဧပြီ ၂၁ ရက်၊ ၂ဝ၁၁ ခုနှစ်

တိုင်းရင်းသားများအား အတူတကွ တွေ့ရစဉ်

မလေးရှားနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ၏ တိုင်းရင်းသားလူမျိုး စုံညီ ပဒေသာကပွဲကြီးအား ပြီးခဲ့သော ဧပြီ ၁၇ ရက် (တနင်္ဂနွေ) နေ့က ကွာလာလမ်ပူ၊ Chinese Assembly Hall တွင် တိုင်းရင်းသား ညွန့်ပေါင်းအဖွဲ့ (COBEM) မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရိုးရာ ယဉ်ကျေးမှု အကများနှင့် စတိတ်ရှိုး

အဆိုပါ ပဒေသာ ကပွဲကြီးသို့ မလေးရှားနိုင်ငံရောက် တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း လူမျိုးများ တက်ရောက်ခဲ့ကြပြီး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် NGOs များလည်း တက်ရောက် အားပေးခဲ့ကြသည်။

မလေးရှား ဒုက္ခသည် တိုင်းရင်းသား လူမျိုးများ

ပဒေသာ ကပွဲကြီးအတွင်း တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အက၊ ဖက်ရှင်ရှိုးများ၊ စတိတ်ရှိုးများဖြင့် ဖြေဖျော် တင်ဆင်ခဲ့ကြသည့်အပြင် ပွဲဖြစ်မြောက်ရေး ရံပုံငွေအဖြစ် ကံစမ်းမဲ အစီစဉ်များလည်း ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ပြည်ပရောက် ရခိုင်တေးသံရှင် မောင်သူ (x-ray)

ဤပွဲသို့ ပြည်ပရောက် ရခိုင်တေးသံရှင် မောင်သူ (X-ray) လည်း တက်ရောက် သီဆို ဖြေဖျော်ခဲ့သည်။

ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသား စုံညီ ပဒေသာ ကပွဲကြီးသည် မလေးရှားနိုင်ငံတွင် ပထမဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား ဒုက္ခသည်များ အချင်းချင်း ညီညွတ်မှု ရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။

Posted on April 21, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: