ဒုက္ခသည်ရေးရာ သဘောတူညီချက် သြစတြီးလျနှင့် မလေးရှား ပူးပေါင်း လုပ်ဆောင်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
မေလ (၇) ရက်၊ ၂၀၁၁ ခုနှစ်။

သြစတြီးလျကျွန်းကို  အဝေးကနေ လှေတွေနဲ့ ရောက်ရှိလာကြတဲ့ ဒုက္ခသည် ၈၀၀ ကို ထိန်းသိမ်း ချူပ်နှောင်ခဲ့ပြီးတော့ ရှေ့ဆက်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည်နေရာ ချထားဖို့ အတွက် သြစတြီးလျ ဒေါ်လာ ၂၉.၂ သန်းနဲ့ နှစ်နိုင်ငံ သဘောတူညီချက်ရဲ့ နောက်ဆုံး အဆင့်တွေကို သြစတြီးလျ ဝန်ကြီးချူပ် Julia Gillard ဟာ မလေးရှား ဝန်ကြီးချူပ် Najib Tun Razak နဲ့ အတူ အစပျိုး လုပ်ဆောင် နေပါတယ်။

သဘောတူညီချက်အရ Gillard ဟာ လက်ရှိ မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည် ၄၀၀၀ ကို လေးနှစ်တာ ကာလအတွင်းမှာ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ပြန်လည်နေရာ ချထားခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုဟာ ပြီးခဲ့တဲ့ မတ်လ (၃၀) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာ ဝန်ကြီးများ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့် အစည်းအဝေးမှာ အော်ဇီနဲ့ မလေးရှား ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ အခြေတည်ခဲ့တာပါ။ အရင်တုန်းကတော့ Gillard ဟာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေကို အရှေ့တီမောမှာ ပြန်လည် နေရာချထားဖို့ အတွက် စီစဉ်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် ၁၉၇၃ မှာ အော်ဇီကနေ ခွဲထွက်သွားတဲ့ Papua New Guinea ဆိုတဲ့ လွတ်လပ်သော ပြည်နယ် မှာလည်း ဒီကိစ္စကို လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် PNG ကတော့ အရင်တုန်းက ပိတ်ထားတဲ့ ထိန်းသိမ်းရေး စခန်းတွေကို ဆက်ပြီးတော့ ပိတ်ထားအုံးမယ် ဆိုတဲ့အတွက်ကြောင့် အောင်မြင်မှု မရရှိခဲ့ပါဘူး။

“ဒီ သဘောတူညီမှုဟာ ငြင်းခုံမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ဝန်ကြီးချူပ် ပြောခဲ့သလို လူကုန်ကူးမှု တိုက်ဖျက်တဲ့ ပုံစံတစ်ရပ် အနေနဲ့ ကျွန်တော်တို့ရဲ့ ဖြေရှင်းချက်ကို ဘယ်သူမှ သံသယ ဖြစ်စရာ မလိုပါဘူး” လို့ အော်ဇီရဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Chris Brown က ရှင်းပြခဲ့ပါတယ်။

အော်ဇီရဲ့ အတိုက်အခံ ခေါင်းဆောင် Tony Abbott ကတော့ ဒီသဘောတူညီချက်ဟာ Howard အစိုးရ လက်ထက်ကတည်းက ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ မူဝါဒနဲ့ အလားတူပြီး ၂၀၀၇ ခုနှစ် Rudd Labour အစိုးရလက်ထက်မှာ အဲဒီမူဝါဒကို နောက်ဆုံး ဖယ်ရှားပစ်ခဲ့ပါတယ်လို့ Tony Abbott က ပြောကြားခဲ့ပါတယ်။

အဲဒီမူဝါဒကတော့ Christmas နဲ့ Nauru ကျွန်းတွေမှာရှိတဲ့ ပစိဖိတ်ကျွန်းတွေမှာ ထိန်းသိမ်းရေး စခန်းတွေကို တရားမဝင် ရောက်ရှိလာတဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေကို ပြန်လည် နေရာချထားဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ ဒါကို “ပစိဖိတ် ဖြေရှင်းချက်” လို့ ခေါ်ပါတယ်။

၁၉၅၁ ခုနှစ်မှာ ပြဌာန်းတဲ့ UN ရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်မှာ မလေးရှားနိုင်ငံဟာ လက်မှတ် မထိုးထားပေမယ့် တိုင်းပြည်တော်တော်များများက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ခန့်မှန်းခြေ ဒုက္ခသည် သုံးသန်းလောက်ကို လက်ခံထားပြီး ဒါဟာ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်မှုတွေ ပြုလုပ်ရာမှာ ရှုတ်ထွေးလာစေတယ်လို့ UN Refugee Agency ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Source: Wiki News

Advertisements

Posted on May 7, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: