သက်စွန့်ဆံဖျား ကြိုးစားထွက်ပြေးခဲ့ပေမယ့် မလွတ်မြောက်နိုင်တဲ့ ဒုက္ခသည်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
မေလ (၉) ရက်၊ ၂၀၁၁ ခုနှစ်

မြန်မာ ဒုက္ခသည်တစ်ဦးဟာ ယာဉ်မတော်တဆ တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ သူ့ရဲ့ လွတ် မြောက်မှုအတွက် မြေပြင်ပေါ်မှာ ငါးကီလိုမီတာခန့် ထွက်ပြေးခဲ့ပြီး ရေထဲမှာ မိုင်တော်တော် များများ သက်စွန့်ဆံဖျား ကူးခတ် ထွက်ပြေးသွားတဲ့ အမှုတစ်ခု မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ ပါတယ်။

ဒါပေမယ့်လည်း အခင်းဖြစ်ပွားပြီး နောက်ထပ် နှစ်နှစ်ရီအကြာမှာပဲ ပင်လယ်ထဲမှာ ရောက်ရှိ နေကြတဲ့ ဒေသခံ မလေးရှား တံငါသည်တွေရဲ့ အကူညီကြောင့် သူ့ရဲ့ သက်စွန့်ဆံဖျား ကြိုးပမ်းမှုဟာ အချည်းနှီး ဖြစ်ခဲ့ရပြီး ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

မနေ့က မနက် ၈ နာရီအချိန်မှာ Kapala Batas မှာရှိတဲ့ Permatang Pak Elong လမ်းမပေါ်မှာ  အသက် (၂၆) နှစ် အရွယ်ရှိတဲ့  မြန်မာဒုက္ခသည် စီးလာတဲ့ မော်တော်ဆိုင်ကယ်နဲ့ ကားတစ်စီးဟာ  မတော်တဆ ယဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာ UNHCR ကဒ် ကိုင်ဆောင် ထားတဲ့ မြန်မာ ဒုက္ခသည် Alam Shamsul Alam ဟာ အခင်းဖြစ်ပွားပြီးတာနဲ့ သူ့ဆီကို ချဉ်းကပ်လာကြတဲ့ ဖြတ်သန်းသွားလာ သူတွေကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူဟာ Patai Robina မှာရှိတဲ့ ပင်လယ်ထဲကို မခုန်ဆင်းမီ ခြေဗလာနဲ့ ငရုတ်ခင်းတွေကို ဖြတ်ပြေးခဲ့ပါသေးတယ်။ ၂ ကီလိုမီတာ ဝေးတဲ့ Pantai Bersih မှာရှိတဲ့ ရဲ လက်ထဲကို လွှဲမအပ်ခင် သူဟာ နှစ်နှစ်ရီ နီးပါးလောက် ပင်လယ်ထဲမှာလည်းပဲ ကူးခတ်ခဲ့ပါ သေးတယ်။

ဒီလို ထွက်ပြေးရခြင်းဟာ သူ့ဆီမှာ မော်တော်ဆိုင်ကယ် လိုင်စင် မရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Alam ဆီကို ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းဖို့ ချဉ်းကပ်ခဲ့ပေမယ့် သူဟာ ရုတ်တရက် ပေါ်လာတဲ့ လူအုပ်ကြီးကို မြင်တဲ့အတွက်ကြောင့် တဟုန်ထိုး ဒုန်းစိုင်း ထွက်ပြေးခဲ့တာပါလို့  အသက် ၃၁ နှစ် အရွယ်ရှိတဲ့  Pak Elong ကျေးရွာမှာ နေထိုင်သူ Mohd Sukri Baharum က ပြောပါတယ်။

“ကျနော်နဲ့  ကျနော်ရဲ့ သူငယ်ချင်းဟာ ရွာထဲမှာ ရှိတဲ့ လမ်းကိုဖြတ်ပြီးတော့ သူ့နောက်က လိုက်ပေ မယ့်  ကျနော်တို့ Pantai Robina ကို ရောက်တဲ့အချိန်မှာ သူ ပင်လယ်ထဲကို ခုန်ဆင်းပြီး ဖြစ်နေပါပြီ။ အဲဒီနောက်မှာ ရဲကို အကြောင်းကြားခဲ့တာပါ။”

သူ့ကို ရဲလက်ထဲကို လွှဲမအပ်မီ မနက် ၁၁ နာရီမှာ ဒေသခံ တံငါသည်တွေရဲ့ အကူညီတွေနဲ့ အတူ ပြည်သူ့ စစ်ကယ်ဆယ်ရေးအဖွဲ့က စေတနာ့ ဝန်ထမ်းတွေဟာ ကမ်းရှိရာကို Alam ကို ခေါ်ဆောင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Source: The Star

Advertisements

Posted on May 9, 2011, in သတင်းကဏ္ဍ. Bookmark the permalink. 1 Comment.

  1. ရခိုင်သားတိ စုပေါင်းဗျာ လုပ်နီကတ်စွာကိုကြားပါယင့် ဒေဂုမှရာတွိပါရေ အော် မဝီးဖဝီး တိုင်းပျောက်ပြည်ပျောက် ဖြစ်နီကတ်ကေလည်း မလျှော့ရေလုံးလ ဝိရိယ ခံယူချက် ယုံကြည်ချက်တိကို ဆက်လက် အကောင်အထည် ဖေါ်ကတ်ကေ ဖပြည်စွာ မုချ တနိန့် ငါရို့ လက်ကို ရောက်ပါဖို့ (ငါရို့ ခေတ်ကျမှ ခံရကေ ငါရို့ ညံ့လို့ ) NOT I WE

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: