ဓညလင်းနဲ့ အင်တာဗျူး

ဓညလင်း (ရခိုင်ပြည်တပ်မတော် – AA)

ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦးဟာ အခုအခါ ထောင်ကနေ လွှတ်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လွတ်မြောက်သွားခဲ့ပီးတာနဲ့ ချက်ချင်း ကိုဓညလင်းနှင့် အင်တာဗျူး ရရှိခဲ့ပါတယ်။ အင်တာဗျူး အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်ဖြစ်ပါတယ်။

မေး။ ကိုဓညလင်းတို့ လွှတ်ပီးတဲ့ နောက် ချမှတ်ထားတဲ့ အစီအစဉ်လေးကို ပြောပြလို့ ရမလား။

ဖြေ။ ကျွန်တော်တို့ အခု ဒေလီကိုသွားမှာပါ။ ခေတ္တခဏ ဒေလီမှာ တည်းခိုရမယ်လို့ပြောပါတယ်။ အိန္ဒိယအစိုးရက ကျွန်တော်တို့ကို နေထိုင်ခွင့် ဗီဇာ (တနှစ်) ပါမစ်ပေးထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ နေရမှာပါ။ အဲဒီကတဆင့် ကျွန်တော်တို့ တတိယနိုင်ငံတနိုင်ငံကို သွားရဖို့ ကြိုးစား ကြရမှာပါ။

မေး။ အခု ဘယ်နှစ်ယောက် လွတ်လာပါလဲ။

ဖြေ။ ကျွန်တော်တို့ စုစုပေါင်းက ၃၁ ယောက်ပါ။ ကျန်တဲ့ ၃ ယောက်ကတော့ ဒီမှာ ကျန်ခဲ့ရမှာပါ။ သူတို့မှာက အန်ဒမန် နီကိုဘာမှာ အမှုတခု ကျန်နေပါသေးတယ်။ အဲဒါကြောင့်မို့ သူတို့ကို ကာလာကတ္တားကနေ ပေါ့ပလေးယားကျွန်းကို ပြန်ပို့မှာပါ။ အဲဒီမှာ သူတို့ အမှုကို သွားပြီး ရင်ဆိုင် ကြရမှာပါ။ အဲဒီက အမှုပြီးမှ သူတို့က ဒေလီကို ပြန်လာရမှာပါ။

မေး။ အခု ထောင်ထဲက ဘယ်အချိန်မှာ လွတ်လာပါသလဲ။ အချိန်လေးနဲ့ အစီအစဉ်လေးကို နည်းနည်း ပြောပြပေးပါ ခင်ဗျား။

ဖြေ။ ကျွန်တော်တို့ လွှတ်လာတဲ့ အချိန်က နေ့လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။

မေး။ လွှတ်မယ် ဆိုတဲ့ နေ့မှာ ထောင်ထဲမှာ ဖြစ်နေခဲ့တဲ့ အခြေအနေကို နည်းနည်း ပြောပြပေးပါ။ ခုလို လွတ်မယ် ဆိုတော့ ခံစားမှုတွေက ဘယ်လိုရှိခဲ့ပါလဲ။

ဖြေ။ လွတ်မယ်ဆိုတော့ ကျွန်တော်တို့ ၀မ်းသာကြတာပေါ့နော်။ ဒီထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ အကုန်လုံးကလည်း ၀မ်းသာကြပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ အပေါ်မှာ စာနာကြပါတယ်။ သူတို့ကတော့ ခင်ဗျားတို့ ဒီမှာကြာပြီ။ မလိုအပ်ဘဲနဲ့ ခင်ဗျားတို့ အကျဉ်းထောင်ထဲမှာ နေကြရတယ်ဆိုတော့ လွတ်သင့်တာ ကြာပါပြီ။ ကျွန်တော်တို့ ၀မ်းသာပါတယ်လို့ သူတို့ (အိန္ဒိယ) ထောင်သားတွေကလည်း ကျွန်တော်တို့ကို ကိုယ်ချင်းစာတရားနဲ့ ပြောကြပါ တယ်။ ကျွန်တော်တို့ ခံစားမူတွေကို ပြောရရင်တော့ လွတ်မယ်ဆိုတော့ မယုံတ၀က် ယုံတ၀က်နဲ့ပေါ့။ ပထမ တခါနှစ်ခါ ကလည်း ကျွန်တော်တို့ လွတ်မယ်လို့ သတင်းကြီးနေတဲ့အချိန်မှာဘဲ ကျွန်တော်တို့ဟာ မလွတ်ဘဲနဲ့ ထောင်ထဲမှာ ဆက်လို့ နေခဲ့ရတယ်။ အဲဒါကြောင့်မို့ စိတ်ထဲမှာတော့ ညာဦးမလား။ ဒါပေမယ့် အခုကတော့ တကယ်ဖြစ်မှာပါ ဆိုပြီး ကျွန်တော်တို့ ၀မ်းသာကြပါ တယ်။ အဲဒါကြောင့် ညလုံးပေါက်သီချင်းတွေ ဆိုခဲ့ကြတယ်။ ဆူညံနေတာပါဘဲ။

မေး။ အာဏာပိုင်တွေက ခုလို လွှတ်မယ်ဆိုတာကို အကြောင်းကြားတာက စာနဲ့အကြောင်းကြား တာပါလား။ ဘယ်လို အကြောင်းကြား ပါလဲ ခင်ဗျား။

ဖြေ။ ထောင်ပိုင်ကြီးက ကျွန်တော်တို့ကို လာပြီးပြောပါတယ်။ ထောင်ပိုင်ကြီးက ကျွန်တော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ၁၉ ရက်နေ့မှာ အဆင်သင့် လုပ်ထားကြပါ။ ၁၉ ရက်နေ့မှာ ခင်ဗျားတို့ကို ထောင်ကလွှတ်မယ်ပေါ့။ ခင်ဗျားတို့ကို UNHCR ကလည်း အသိအမှတ် ပြုလိုက်ပြီးပြီ။ ၁၉ရက်နေ့မှာ ခင်ဗျားတို့အားလုံး ထောင်က လွတ်မှာဖြစ်တဲ့အတွက် အဲဒီနေ့ အဆင်သင့်လုပ်ထားပါ ဆိုပြီး အကြောင်းကြားထားပါတယ်။

မေး။ ကာလာကတ္တားက နယူးဒေလီကို ဘယ်လို ခေါ်သွားမယ်ဆိုတာကိုလည်း သူတို့ကပြောပါသလားခင်ဗျား။

ဖြေ။ ညနေဖက် ၉ နာရီ ၁၀နာရီလောက်မှာ လေယာဉ်နဲ့ ဒေလီကို သွားရမယ်လို့ ပြောပါတယ်။

မေး။ အခု ခင်ဗျားတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်တွေအားလုံး ကျန်းမာရေးအခြေအနေတွေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ကျန်းမာရေးအခြေအနေကတော့ တော်တော်ကြီးဆိုးတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့က တော့ နေမကောင်းဖြစ်ကြပါတယ်။ ထောင်ထဲမှာ နေတာကြာသွားပြီးဆိုတော့ ဘယ်လိုပြောမှာလဲ။ ထောင်ဆိုတာက ဘယ်ထောင်မှ မကောင်းပါဘူး။ ထောင်ထဲမှာဆိုတော့ စိတ်ညစ်မှုတွေနဲ့ အဆင်မပြေမှု တွေရှိတယ်။ သွားလာမှုတွေလည်း ကျပ်တည်းတယ်။ အစားအသောက်တွေကလည်း တစုံတရာ ပြည့်စုံမှုတွေ မရှိတာကြောင့် နည်းနည်းပါးပါးတော့ နေမကောင်းတာတွေ ဖြစ်ကြပါတယ်။ စိတ်ဓါတ် ဖိစီးမှုဒဏ်ကြောင့် နေမကောင်းဖြစ်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် များများစားစားတော့ မရှိပါဘူး။ ထောင်ထဲမှာ ဆေးရုံရှိပါ တယ်။ ဆေးတွေကတော့ ပြည့်ပြည့်စုံစုံ ရပါတယ်။

Source: Narinjara News

Posted on May 19, 2011, in အင်တာဗျူးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: