NLD ကဒ်အတု ပြုလုပ်ရောင်းချသူ တချို့အား ဖမ်းမိ

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
မေလ (၂၂) ရက်၊ ၂၀၁၁ ခုနှစ်။

NLD ကဒ် အတုများအား မလေးရှား အာဏာပိုင်များမှ ပြသစဉ် (ဓာတ်ပုံ – TC)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (မလေးရှား) ရဲ့ ကဒ်ကို အတုပြုလုပ်ပြီး ရောင်းချနေ ကြတဲ့ မြန်မာနိုင်ငံ သား တချို့ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှားနိုင်ငံ မြောက်ပိုင်းဒေသမှာ ဖမ်းမိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိက သံသယရှိသူတွေကို UNHCR ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ရုတ်တရက် ဝင်ရောက် စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုက္ခသည် အဖြစ် အထောက်အထား မပြနိုင်ခင် လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့အတွက် သူတို့တွေ ဟာ အဲဒီ NLD ကဒ်အတု တကဒ်ကို ရင်းဂစ် ၅၀၀ (ဒေါ်လာ ၁၆၈) နဲ့ ဝယ်ယူပြီး အသုံးပြုနေကြ တာပါ လို့ ကဒါတ်ပြည်နယ် ရဲ့ လူဝင်မှုကြီးကြပ်ရေး လက်ထောက် ဒါရိုက်တာ ဟာ(စ်)ရီနာ ဟာ(စ်) ရှင်း က ပြောပါတယ်။

“အဓိက သံသယရှိသူ တစ်ဦးကတော့ သူဟာ NLD (လွတ်မြောက်နယ်မြေ) ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တယ် လို့ အခိုင်အမာ ထွက်ဆိုထားပါတယ်။ ဒါပေမယ့်လည်း သူနဲ့အတူ နောက်ထပ် ကိုးဦးကို တော့ ခေါင်းဆောင်ဆိုသူ  ငှားထားတဲ့ တိုက်ခန်းမှာ ကွန်ပျူတာ နှစ်လုံး၊ ပရင့်တာစက်၊ Scan ဖတ်စက်နဲ့ စာရွက်စာတမ်း တွေ၊ ပစ္စည်းပစ္စယတွေကိုပါ ဖမ်းမိနိုင်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

အဓိက သံသယရှိသူကိုတော့ ၁၉၅၉/၆၃ (၂၀၀၂ နှစ်တွင် ပြင်ဆင်ခဲ့သည်) လဝက အက်ဥပဒေ ၅၅ ဒီ အရ ကဒ်အတုပြုလုပ်မှုနဲ့ ဖမ်းဆီးထားပြီး အများဆုံး ကြိမ်ဒဏ် ၆ ချက်၊ ဒဏ်ငွေ ရင်းဂစ် ၃၀၀၀၀ ပေးဆောင်ရမှာ ဖြစ်တဲ့အပြင်  ထောင်ဒဏ် ၁၀ နှစ်လည်း ချမှတ်ခံရမှာ ဖြစ်ပါတယ်။

နောက်ထပ် (၉) ဦး ကိုတော့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်မှု ဥပဒေ ပုဒ်မ (၆) ၃ အရ ထိန်းသိမ်း လိုက်ကြပါတယ်။

တဆက်တည်းမှာပဲ နောက်ထပ် မြန်မာလူမျိုး (၆) ဦးကိုလည်း ထိုင်း-မလေးရှား နှစ်နိုင်ငံ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ဖမ်းဆီးခံရတဲ့ (၆) ဦးဟာ ထိုင်း-မလေးရှား နယ်စပ်ကို ကျော်ဖြတ်ပြီးတော့ သူတို့တွေရဲ့ အေဂျင့် ကို စောင့်ဆိုင်းနေတဲ့ အချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံက ထုတ်ဝေတဲ့ Malay Daily သတင်းစာမှာ ဖော်ပြထားပါတယ်။

Source: Chinland Guardian

Advertisements

Posted on May 22, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: