ကချင် သွားသည့် ဂီရိဒေသမှ ရခိုင် အလုပ်သမားများ ခေါင်းပုံ ဖြတ်ခံနေရ

မောင်အေး (နိရဉ္ဇရာ)
မေလ (၂၆) ရက်၊ ၂၀၁၁ ခုနှစ်

မိမိဒေသတွင် စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ကချင်ပြည် နယ်ရှိ ယုဇနကုမ္ပဏီတွင် သွားရောက် အလုပ်လုပ်ကိုင် ရန် ထွက်ခွာသွားသည့် ဂီရိ မုန်တိုင်းသင့် ဒေသ မှ ရခိုင် အလုပ်သမားများမှာ ခေါင်း ပုံဖြတ် ခံနေရသည့် အတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ရခိုင်ဘက်မှ ရောက်ရှိလာသည့် ဂီရိသင့်ဒေသမှ ရခိုင် အလုပ်သမားများကို ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်အားခ ကို လစဉ် ထုတ်မပေးဘဲ ၆ လ တကြိမ်သာ ထုတ်ပေးမည်ဆိုသည့် အတွက် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံနေကြရခြင်း ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အခက်ခဲကြောင့် ယုဇနကုမ္ပဏီပိုင် စားအုန်းဆီခြံတွင် လုပ်ကိုင်ရန် ထွက်ခွာသွားသူ တစ်ချို့မှာ မိမိဒေသကို ပြန်လာနေကြကြောင်း သိရသည်။

“မင်းပြားမြို့နယ် ဥတ္တရရွာက လူတွေဖြစ်တယ်။ တချို့ဆိုလမ်းမှာ ထမင်းတောင် ငတ်လာတယ် လို့ ပြောတယ်။ သူတို့မှာ ဒီက အိမ်ကို ရောင်းပြီး မိသားစုလိုက်ကြသွားတာတဲ့။ ဟိုကို ရောက်တော့ လုပ်အားခလည်း ၆ လပြည့်မှ ရှင်းမယ်လို့ပြောတော့ ပိုပြီး ဒုက္ခရောက်တယ်။ ဒါနဲ့ ပြန်လာကြ တယ်လို့ ကြားရတယ်” ဟု ရန်ကုန် တွင်နေထိုင်သည့် ရခိုင်ဦးဇင်းတပါး က ပြောသည်။

မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ဒေသအတွင်း စီးပွားရေး အဆင်မပြေမူနှင့် အလုပ်အကိုင် ရှားပါးမှုကို အခွင့်ကောင်းယူပြီး မက်လုံး အမျိုးမျိုး ပေးကာ ရွာတိုင်လှည့်ပြီး ကားကြီးများနှင့် အလုပ်သမား ရှာဖွေရေး အေဂျင့်များက ရခိုင် ကျေးရွာသားများကို စုဆောင်နေကြောင်းသိရသည်။

“တချို့ ပြန်လာတယ်လို့လည်း ကြားတယ်။ ဘာကြောင့် ပြန်လာတယ် ဆိုတာတော့ အတိကျ မသိ ဘူး။ သွားတဲ့ လူတွေလည်း ဆက်သွားနေတုန်းဘဲ။ တချို့ဆိုရင် ယောင်္ကျား ထွက်သွားတာကို အိမ်က မယားတောင် မသိလိုက်ဘူး။ ရခိုင်ပြည်က အခု ငရဲပြည်လို ဖြစ်နေပြီ” ဟု မင်းပြားမြို့နယ် သက်ပုန် ကျေးရွာသား တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော မြစ်ချောင်း များကို အစိုးရက လေလံပစ်ပြီး တစ်ဦးတည်း လုပ်ကိုင် စားသောက်ခွင့်ပြုပြီး တောင်များကိုလည်း ကုမ္ပဏီများအား ငှားရမ်းထားသဖြင့် ရခိုင်ပြည်သူ လူထုမှာ တောင်သွား၍ မရ မြစ်ကို ဆင်း၍ မရ ဖြစ်နေသဖြင့် ရပ်တည်ရေး အတွက် အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

ထိုကဲ့သို့ အချိန်တွင် ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လယ်ယာမြေများ ပျက်စီးကာ ကျွဲနွားများလည်း သေဆုံးသွားသဖြင့် ဂီရိသင့် ဒေသမှ ပြည်သူများမှာ ယခုအခါ ဖြစ်ချင်သလို ဖြစ်ဟု ဆိုကာ နေရပ်ရင်းကို မိသားစု လိုက် စွန့်ခွာပြီး တနင်္သာရီတိုင်၊ ကချင် တနိုင်းဒေသနှင့် တာချီလိတ် ဘက်သို့ ထွက်ခွာနေကြသည်ဟု သိရသည်။

ယခုကဲ့သို့ အလုပ်သမားများ စုဆောင်း ပေးနေသူများမှာ ရွှေပြည်ရခိုင် အဝေးပြေး ကားလှိုင်းမှ မင်းပြား ဂိတ်မှုးနှင့် စစ်တွေခရိုင်မှုးတို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မင်းပြား မြို့ခံများ က ပြောသည်။

Source: Narinjara News

Posted on May 26, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: