ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့-ပြန်ကြားရေးဌာန
ဇွန်လ (၂၀) ရက်နေ့၊ ၂၀၁၁ ခုနှစ်။

ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် အဖြစ် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ရုံးမှာ မနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနား ပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီးတော့ AAR ရဲ့ အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ကိုခိုင်သူရိန်က ခုလို ပြော ကြားခဲ့ပါတယ်။

“ဒီနေ့လို ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေကို တတ်နိုင်သမျှ စုစည်းပြီး တွေ့ဆုံစေလိုတာပါ။ ပြီးတော့ ရောက်လာကြတဲ့ ဒုက္ခသည်တွေ နဲ့အတူ ကျနော်တို့ အားလုံးရဲ့ အခက်အခဲတွေကို အတူတကွ ဝေမျှစေဖို့ အဓိက ရည်ရွယ်ပြီး အခမ်းအနား ပြုလုပ် ရတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်အများစုဟာ ဘာကြောင့် ရောက်လာ ရတာလဲ ဆိုတာတွေကို မျှဝေနိုင်ဖို့နဲ့ ဒုက္ခသည်ရေးရာတွေနဲ့ ပတ်သက်ပြီး အခြား လိုအပ်တဲ့ အချက် အလက်တွေကို မျှဝေနိုင်ဖို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။”

အခမ်းအနားကို မလေးရှားနိုင်ငံရောက်  မြန်မာဒုက္ခသည် ၃၀ ခန့် ပါဝင် တက်ရောက်ခဲ့ကြပြီး ရခိုင်၊ ချင်း၊ ဗမာ လူမျိုးတွေပါ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ရခိုင်လူမျိုး ဒုက္ခသည်တစ်ဦးက အခမ်းအနားနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ အမြင်ကို ခုလို ပြောပြ ပါတယ်။

“ခုလိုမျိုး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ပေးတဲ့အတွက် ကျနော်တို့ အတွက် အများကြီး ဗဟုသုတ ရရှိပါတယ်။ ဥပမာ -နိုင်ငံထွက်ခွာခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ကြန့်ကြာရသလဲ ဆိုတာမျိုးတွေ၊ ပြီးတော့ လူမှောင်ခိုကူးခြင်းနဲ့၊ လူကုန် ကူးခြင်း မတူကွဲပြားတာတွေ အများကြီးပါဘဲ အဲဒါတွေကို သိခွင့်ရခဲ့တဲ့ အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်” လို့ အခမ်းအနားကို တက်ရောက်လာတဲ့ ရခိုင် ဒုက္ခသည် တစ်ဦးက ပြောကြားခဲ့ပါတယ်။

Advertisements

Posted on June 20, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: