မလေးရှား အစိုးရက တရားမဝင် အလုပ်သမားများကို မှတ်ပုံတင်ခွင့် ပြုမယ့် အစီစဉ် ရွှေ့ဆိုင်း

မလေးရှားအစိုးရက နေပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် မှတ်ပုံတင်ခွင့် ပြုမယ့် အစဉ်စီကို စတင် လုပ်ကိုင်စဉ်မှာ အဆင်မပြေမူတွေ တွေ့ရှိ ခဲ့ရတဲ့ အတွက် အဲဒီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ကြောင်း မလေးရှားနိုင်ငံ ထုတ် စတား (The Star )  သတင်းစာတွင် ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုသို့ ရက်အကန့်သတ်မရှိ ရက်ရွှေ့ဆိုင်း လိုက်ကြောင်းကို မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွက် စရီ ဟီရှန်မူဒင် ဟူစိန် ( Datuk Seri Hishammuddin  Hussein) က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက “ တရားမဝင် အလုပ်သမားများကို ဘိုင်အို မက်ထရစ် (biometric) စနစ်နဲ့ မှတ်ပုံတင်မယ့် ကိစ္စကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း ရက်ရွှေ့လိုက်ကြောင်း ၊ နည်းပညာပိုင်းပြသာနာ ၊ အမျိုးသားလုံခြုံရေး ကိစ္စများကို အရင် ဖြေရှင်းရမှာ  ဖြစ်ကြောင်း “ ပြောကြားလိုက်ပါတယ်။

 မလေးရှားအစိုးရ အနေနဲ့  တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်ရန် အတွက် နိုင်ငံတဝှမ်း တွင် ၆၇ နေရာ ဖွင့်လှစ်လုပ်ကိုင်ခဲ့သော်လည်း အခက်ခဲ အနည်းငယ် တွေ့ရှိရတဲ့အတွက်  လုပ်ကိုင်မဲ့ အစီစဉ် တစ်ခုလုံးကို ရပ်ဆိုင်းလိုက်  ရတာဖြစ်ကြောင်း သိရပါတယ်။ထိုကိစ္စနဲ့ ပတ်သက်ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးက “ လုပ်ငန်းစဉ်များ အဆင်ပြေကြောင်း၊ သို့သော်လည်း မလေးရှား နဲ့ စင်ကာပူကြားက စစ်ဆေးရေးဂိတ်နှစ်ခု မှာ အဆင်မပြေမူလေး နှစ်ခု ဖြစ်နေကြောင်း ၊ အဲဒီ အဆင်မပြေမူလေး တခုနှစ်ခုက စနစ်တစ်ခုလုံးကို ထိခိုက်နိုင်ကြောင်း “ ပြောပါတယ်။

 မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားအလုပ်သမား နှစ်သန်းခန့် ရှိနေပြီး ထိုအလုပ်သမား များအား မှတ်ပုံတင်ရန် အတွက် အစဉ်စီသစ်တခုကို ဇွန်လ ဆန်းပိုင်းက စတင်ခဲ့ပါတယ်။ ထို 6p လို့ ခေါ်တဲ့ အစီစဉ်အရ တရားမဝင်နိုင်ငံခြားသား တဦးအနေနဲ့  မှတ်ပုံတင်ကြေး မလေးရှားရင်းဂစ် ၄၀၀ ( တရားမဝင် နေထိုင်မူအတွက် ရင်းဂစ် ၃၀၀ နဲ့ နိုင်ငံအတွင်း ဆက်လက်နေထိုင်ရန်အတွက် ရင်းဂစ် ၁၀၀ )  ပေးဆောင်ရ မှာဖြစ်ပါတယ်။ ထို့အပြင် စစ်ဆေးမူများ ပြုလုပ်ခ၊ အလုပ်လုပ်ခွင့် အခွန်စသဖြင့် ကုန်ကျစရိတ် အားလုံးပေါင်း တွက်ချက်ပါက မလေးရင်းဂစ်နှစ်ထောင်မှ သုံးထောင့်ငါးရာအထိ ကုန်ကျနိုင်ပြီး ပွဲစားများကတော့ မလေးရင်ဂစ်လေးထောင်ခန့် ကုန်ကျနိုင်ကြောင်း  ပြောဆိုနေကြောင်း  ကွာလာလမ်ပူ နေ  မြန်မာတဦးက ပြောပါတယ်။

မလေးရှားနိုင်ငံတွင်  မြန်မာနိုင်ငံက သွားရောက်လုပ်ကိုင်  သူအများအပြား  ရှိပြီး  များသောအားဖြင့်  စားသောက်ဆိုင်လုပ်ငန်း၊ကုန်ထုတ်လုပ်ငန်းများတွင်လုပ်ကိုင်နေကြပါတယ်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လုပ်ကိုင်နေကြသူများ ရှိသလို တရားမဝင် လုပ်ကိုင်နေသူများ၊ အောက်လမ်းလို့ ခေါ်တဲ့ နယ်စပ် ကတဆင့် တရားမဝင် ဝင်ရောက် လုပ်ကိုင် နေသူများလည်း ရှိကြပါတယ်။

S0urce: Burma Today

Posted on July 14, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: