ၾသစေၾတးလ်-မေလးရွား ဖလှယ်ရေး မြန်မာ ဒုက္ခသည်များအပေါ် သက်ရောက်

ချင်းမိုင် (မဇ္ဈိမ)။          ။ ယခုအပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသည့် မလေးရှားနှင့် သြစတြေးလျတို့၏ အငြင်းပွါးဖွယ်ရာ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်မှာ မြန်မာဒုက္ခသည်များ အရေးနှင့်လည်း သက်ဆိုင်နေသည်။

နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်အရ မေလအတွင်း စတင်အဆိုပြုခဲ့ကြပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ လက်မှတ် ရေးထိုးခဲ့ကြသည့် ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် အရ သြစတြေးလျတွင် ရှိနေသည့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ ၈ဝဝ ကို မလေးရှားသို့ပို့ကာ မလေးရှားရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော ဒုက္ခသည် အစစ်အမှန်များကို သြစတြေးလျ က ပြန်လက်ခံရန် ဖြစ်သည်။

သြစတြေးလျ ဝန်ကြီးချုပ် မစ္စဂျူလီယာ ဂီလ်လတ် Julia Gillard က ပြောကြားရာတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများ သြစတြေးလျသို့ အများအပြား ဝင်ရောက်လာခြင်းကို တားဆီးရန်အတွက် သြစတြေးလျ အနေဖြင့် ရုန်းကန် လှုပ်ရှားနေသည်ဟု ဆိုသည်။

သြစတြေးလျ အစိုးရအနေဖြင့် ဒုက္ခသည်များနှင့် ပတ်သက်သည့် အစီအစဉ် အသေးစိတ် အပြင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ ထွက်ခွာရေး ကုန်ကျစရိတ်နှင့် ပတ်သက်၍လည်း အတိုက် အခံ ပါတီများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

United Press International (UPI) သတင်းဌာနက သြစတြေးလျ နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ရလိုသူ အများစုမှာ လုံခြုံမှု ကင်းမဲ့သော လှေများဖြင့် မိုင်ထောင်ပေါင်းများစွာ ခရီးကို အန္တရာယ်များ အား ကြံ့ကြံ့ခံ၍ လာရသည့် အပြင် လူကုန်ကူးသူများလည်း လမ်းခရီးအတွက် အခကြေးငွေ ပေး ရလေ့ရှိသည်ဟု ဖော်ပြထားသည်။

ယခင် သြစတြေးလျ အစိုးရ ကဲ့သို့ပင် ဝန်ကြီးချုပ် ဂျူလီယာ ဂီလ်လတ် ၏ အစိုးရအဖွဲ့သည် လည်း လှေများဖြင့် ဒုက္ခသည် ပေါင်းများစွာ နိုင်ငံအတွင်းသို့ စုပြုံ ဝင်ရောက်ခြင်း ပြဿနာကို ရင်ဆိုင်နေရသည်။ သြစတြေးလျနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန၏ အဆိုအရ ၂၀၁၀ ခုနှစ်ထဲတွင် သြစတြေးလျ နိုင်ငံထဲသို့ လူစုစုပေါင်း ၆,၃၅၅ ကို သယ်ဆောင်လာသည့် လှေပေါင်း ၁၃၄ စင်း ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် အတွင်းတွင် ယခုအချိန်ထိ လှေစီး ဒုက္ခသည်ပေါင်း ၁,၀၀၀ခန့် သြစတြေးလျ သို့ ရောက်ရှိလာပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

သြစတြေးလျ ပင်မနယ်မြေတွင် ရှိသည့် ထိန်းသိမ်းရေး စခန်းများနှင့် သြစတြေးလျ ခရစ္စ်မတ် ကျွန်းပေါ်ရှိ ပင်မ ဌာနတွင်လည်း ဒုက္ခသည်များဖြင့် ပြည့်နေသည်ဟု UPI သတင်းဌာန တွင် ဖော်ပြ ထားသည်။

“မလေးရှား ဖြေရှင်းမှု” ဟု အမည် ပေးထားသည့် အစီအစဉ်အရ ဒုက္ခသည်များ အနေဖြင့် သြစတြေးလျ ရေကြောင်း အာဏာပိုင်းများက တွေ့ရှိပြီး ၇၂ နာရီအတွင်း၌ပင် မလေးရှား နိုင်ငံသို့ အပို့ခံရနိုင်သည်။ ခိုလှုံလိုသူများ အနေဖြင့် သြစတြေးလျ နိုင်ငံတွင် မနေရဘဲ မလေးရှားသို့ အပို့ခံရနိုင်ကြောင်း သိနေ၍ ခက်ခဲသော ခရီးကို ဖြတ်သန်းကာ လာရောက်လိုမှုများ လျော့နည်း သွားလိမ့်မည်ဟု သြစတြေးလျ အစိုးရက ပြောကြားခဲ့ကြောင်း UPI သတင်းဌာနတွင် ဖော်ပြထား သည်။

“ဒါဟာ လူကုန်ကူးသူတွေကို အကြီးအကျယ် ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဂျူလီယာ ဂီလ်လတ် က သြစတြေးလျ တီဗွီသို့ ပြောခဲ့သည်။

ဒုက္ခသည် ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်၍ ယခု မလေးရှားနှင့် ဖလှယ်ရေး အစီအစဉ် ကဲ့သို့သော ဒေသတွင်း ဖြေရှင်းနည်း တခုရှိရမည်ဟူ၍လည်း ယခင်ကတည်းက သြစတြေးလျနိုင်ငံ မှ အခိုင်အမာ ပြောခဲ့ဖူးသည်။

သြစတြေးလျ အတိုက်အခံ ခေါင်းဆောင် Tony Abbott ကမူ သဘောတူညီချက်ကို ဝေဖန်ခဲ့ သည်။

“မလေးရှားနဲ့ သဘောတူညီမှုဟာ ကျနော်တို့ ဝန်ကြီးချုပ်ရဲ့ နောက်ထပ် သစ္စာဖောက်မှု တခုပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူ့အနေနဲ့ လှေစီး ဒုက္ခသည်တွေကို ကုလသမဂ္ဂ ဒုက္ခသည် ကွန်ဗင်းရှင်း ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့နိုင်ငံကို မပို့ဘူးလို့ အခိုင်အမာ ပြောခဲ့ဖူးပါတယ်” ဟု Tony Abbott က ဝေဖန်ခဲ့ကြောင်း UPI သတင်းဌာနက ဖော်ပြထားသည်။

Credit@ Mizzima

Posted on July 28, 2011, in သတင်းကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: