AAR အကြောင်း

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ပေါ်ပေါက်လာပုံ

AAR (ခေါ်) ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ကို မလေးရှားနိုင်ငံရှိ ရခိုင်သူ/သားများ၏ အကျိုးကို ရှေ့တန်းတင်၍ တတ်အားသရွေ့ ကူညီပံ့ပိုးလားရန်၊ တခြားသော ရခိုင့်အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် မလေးရှားရှိ ခုနှစ်ဆယ် ရာခိုင်နှုန်းပါဝင်သော ရခိုင့်အဖွဲ့အစည်းတစ်ခုကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ဦးတည်ချက် (၃) ခုဖြင့် ဤအဖွဲ့ကို ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါ သည်။

ဦးတည်ချက် (၃) ရပ်

(၁) မလေးရှားနိုင်ငံရှိ ရခိုင်ပြည်သူ/သားများကို တတ်အားသရွေ့ ကူညီပံ့ပိုးရေး။

(၂) မလေးရှားနိုင်ငံရှိ ရခိုင်အဖွဲ့အစည်းများနှင့် ညီညွတ်ရေးကို တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး။

(၃) မလေးရှားနိုင်ငံရှိ ရခိုင်အဖွဲ့အစည်း ခုနှစ်ဆယ်ရာခိုင်နှုန်း ပါဝင်သော ရခိုင်အဖွဲ့အစည်း  တစ်ခုကို  ပြန်လည် ဖွဲ့စည်းရေး။

အထက်ဖော်ပြပါ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သဘာပတိ အဖွဲ့၊ အကြံပေးအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုကော်မတီဝင် (၅၉) ဦးဖြင့် ယာယီဖွဲ့စည်းခဲ့ပြီး လူထုညီလာခံကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

မလေးရှားနိုင်ငံရှိ အခြားသော ရခိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အတွက် လည်း အကြမ်းအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါသည်။

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) အနေဖြင့် မလေးရှားနိုင်ငံရှိ ရခိုင်ပြည်သူလူထုများနှင့် ပတ်သက်၍

(၁) မည်သည့်ရခိုင်အဖွဲ့အစည်း ကဒ်ကိုမဆို ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးများအား တတ်အား သရွေ့ ကူညီပံ့ပိုးသွားမည်၊ ရိုးသားသန့်စင်စွာ ကြိုးပမ်း ဆောင်ရွက်နေကြသော မလေးရှားနိုင်ငံရှိ ရခိုင်အဖွဲ့ အစည်းများနှင့် ပူးပေါင်းသွားမည်၊ လုပ်ငန်းရေးရာအားလုံး၌လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရခိုင်ဒုက္ခသည်အဖွဲ့များကို အနှောင့်အယှက်ပေးနေ သော အဖွဲ့အစည်းများကိုလည်း ထိထိရောက်ရောက် တိုက် ဖျက်သွားမည် ဖြစ်သည်။

(၂) ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့သည် နိုင်ငံရေးပါတီသစ် ထူထောင်ခြင်းမဟုတ်၊ မလေးရှားနိုင်ငံရှိ ရခိုင်အမျိုးသားများ သွေးစည်းညီညွတ်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်း ထားသော အဖွဲ့အစည်း ဖြစ်သဖြင့် မလေးရှားရှိ တစ်ခုတည်းသော ရခိုင်အဖွဲ့အစည်း ပေါ်ပေါက် လာစေရန် မဖြစ်မနေ ကြိုးပမ်း တည်ဆောက်သွားမည် ဖြစ်သည်။

(၃) ရခိုင်ဒုက္ခသည်များအဖွဲ့အားလုံး စည်းလုံးညီညွတ်ပြီး တစ်ခုတည်းသော ရခိုင်ဒုက္ခသည် အဖွဲ့တွင် ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း လူထုညီလာခံမှ သဘောတူညီချက်များ ရယူနိုင်ခဲ့ ကြပါသည်။

Alliance of Arakan Refugees (AAR) ၏ ဗျူဟာက အဘယ်နည်း?

AAR ကဒ်ကို ကိုင်ဆောင်ထားသူ အဖွဲ့ဝင်များမှ ထည့်ဝင်သော အသင်းဝင်ကြေးရံပုံငွေ အင်အား တင့်တောင်းလာပါက AAR ၏ ကျန်းမာရေး၊ အဖမ်းအဆီးများ အကောင်အထည်ဖော်ရာတွင် သုံးစွဲသွားမည် ဖြစ်ပါသည်။

Alliance of Arakan Refugees (AAR) ၏ ဖွဲ့စည်းပုံ အဘယ်နည်း?

AAR ၏ ဗဟိုကော်မတီကို တစ်နှစ်တကြိမ် ညီလာခံကျင်းပကာ ရွေးချယ် တာဝန်ပေးအပ် သွားမည် ဖြစ်ပြီး ၎င်းထဲမှပင် ဗဟိုကော်မတီ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းသည်။ ဗဟိုအလုပ် အမှုဆောင် ကော်မတီကို အကြံပေး (၄) ဦး၊ သဘာပတိ (၃) ဦး၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် တွဲဘက် အတွင်းရေးမှူးများ အပြန်အလှန်ထားရှိပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီသို့ ညွှန်ကြားပြီး အကောင်အထည်ဖော် ဆောင်ရွက်သည်။ အကြံပေးနှင့် သဘာပတိ အဖွဲ့ဝင်များကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ သဘောတူညီချက်ဖြင့် ရွေးချယ်ခန့်အပ်နိုင် သည်။ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ရုံးလုပ်သားများကို ခန့်အပ်ပြီး ရုံးကို အထွေထွေ အတွင်းရေးမှူးမှ တာဝန်ယူကာ ဥက္ကဋ္ဌ ဖြစ်သူမှ တိုက်ရိုက်ကြီးကြပ်သည်။

Alliance of Arakan Refugees (AAR) ၏ လုပ်ငန်းဌာနများကို မည်ကဲ့သို့ ခွဲခြား လုပ်ဆောင် ပါသနည်း?

ရုံးဌာန၊ ယူအန်နှင့် အဖမ်းအဆီးဌာန၊ ကျန်းမာရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စာရင်းစစ်ဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာဌာန၊ မဟာမိတ်ဆက်ဆံရေးဌာန၊ ပြန်ကြားရေးနှင့် စည်းရုံးရေး ဌာနတို့ကို ဗဟိုကော်မတီ တစ်ဦးစီမှ ကြီးကြပ်လုပ်ဆောင်ပြီး ယင်းတို့၏ တွဲဘက်အနေဖြင့် ရုံးဝန်ထမ်းများ ခန့်အပ်ထားရှိသည်။ ဘဏ္ဍာငွေကို ဘဏ္ဍာရေးမှူး၌ထားရှိပြီး သတ်မှတ်ငွေထက် ကျော်လွန်သောငွေကို ရုံးမှတဆင့် ဘဏ္ဍာရေးမှူးထံသို့ လွှဲပြောင်းပေးသည်။ စာရင်းစစ်ဌာနတွင် ဗဟိုကော်မတီဝင် နှစ်ဦးထားရှိပြီး တစ်လ တစ်ကြိမ် စာရင်းစစ်ဆေး အတည်ပြုပြီး စာရင်းထုတ် ပြန်သည်။

Alliance of Arakan Refugees (AAR) မှ ရဲအဖမ်းအဆီးခံလာရပါက မည်သို့ အကူအညီ ရယူနိုင်ပါသနည်း?

AAR ကဒ် ကိုင်ဆောင်ထားသူ တစ်ဦးသည် အကယ်၍ ဖမ်းဆီးခံလာရပါက တည်တည်ငြိမ်ငြိမ် ဖြင့်  Refugee ဖြစ်ကြောင်း ပြောပြပါ။ မိမိလက်ထဲတွင် ဖုန်းရှိနေပါက AAR ၏ အဖမ်းအဆီး ဌာမှ တာဝန်ခံများဖြစ်ကြသည့် ကိုထွန်းဝင်း (ဖုန်း -၀၁၆ ၂၇၇၉ ၃၆၅)၊ ကိုရဲထွန်း (ဖုန်း – ၀၁၇ ၄၂၆၈ ၉၀၀)၊ ကိုထွန်းခိုင်     (ဖုန်း – ၀၁၂ ၅၇၆၉ ၁၄၉) ၊ AAR Hotline –  (ဖုန်း – ၀၁၆ ၂၆၈၂ ၆၀၉) တို့အား ဆက်သွယ် အကြောင်းကြားပေးပါရန်နှင့် ယူအန်၌ မှတ်ပုံတင်ထားပြီး ဖြစ်ပါက အင်္ဂလိပ်စကားပြောတတ်လျှင် – အင်္ဂလိပ်စကားပြောတတ်လျှင် (ဖုံန်း – ၀၁၂ ၂၇၂၀ ၄၀၈) နှင့် မလေးစကား ပြောတတ်လျှင် (ဖုန်း – ၀၁၂ ၆၃၀၅ ၀၆၀) စသည့် ယူအန် ရုံးဖုန်းများသို့ တိုက်ရိုက် ဆက်သွယ်ပါ။

အထက်ပါ အဆက်အသွယ်များအား ဖမ်းဆီးခံရသူက မပြုလုပ်နိုင်ခဲ့ပါက နောက်ဆုံးအဆင့် အနေဖြင့် မိသားစုဝင်များ (သို့မဟုတ်) သူငယ်ချင်းဖြစ်သူ တစ်ဦးဦးအား အကြောင်းကြားပြီး မိမိ၏ ရခိုင်ကဒ်အဖွဲ့အမည်၊ ကဒ်နံပါတ်၊ အဖမ်းခံရသည့် နေရာ၊ အဖမ်းခံရသည့်နေ့၊ ဖမ်းဆီး ယူဆောင် သွားသည့် ရဲစခန်းအမည်တို့ကို ပြောပြပြီး AAR ၏ အဖမ်းအဆီးဌာန တာဝန်ခံများကို တဆင့်အကြောင်းကြားပေးရန် ပြောပြပါ။

မိမိတို့ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) အနေဖြင့် ယင်းကဲ့သို့ ဆက်သွယ်မှုများ ရရှိလာပါက အကြောင်းကြားသူအား ပြန်လည် ဆက်သွယ်သွားမည်ဖြစ်ပြီး ဖမ်းဆီးခံရသူ (ရခိုင်ကဒ် ကိုင်ဆောင်ထားသူ) အား ပြန်လည် လွတ်မြောက်လာစေရေးအတွက် ကူညီဖြေရှင်း ပေးပါသည်။

ယင်းအပြင် ထောင်၊ ကမ့်များသို့ ပို့ဆောင်ခံရသူများကိုလည်း AAR ရုံးသို့ ဆက်သွယ် အကြောင်းကြားလာပါက ယူအန်သို့ ထိုလူ၏ ကဒ်နံပါတ်၊ အမည်၊ မွေးသက္ကရာဇ်၊ ထောင်နံပါတ်၊ အခန်းနံပါတ်၊ အဖမ်းခံရသည့်နေ့၊ ကမ့် (သို့) ထောင် အမည်တို့ကို ပြန်လည် အကြောင်းကြား ပေးပြီး ယူအန်မှ လာရောက်ချိန်တွင် ထိုသူနှင့် တွေ့ဆုံပေး၍ အင်တာဗျူး (အမေး အဖြေ) ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးနေပြီး နေထိုင်မကောင်းသူများဖြစ်နေပါက အန်ဂျီအိုများနှင့် ဆက်သွယ်ပေးကာ ဆေးကုသမှုခံယူနိုင်ရန်တို့ပါ စီစဉ်ဆောင်ရွက်ပေးပါသည်။

အထူးသတိပြုရန်မှာ – မလေးရှားနိုင်ငံရှိ ရခိုင်ကဒ် ကိုင်ဆောင်ထားသူများသည် မိမိ၏ ကဒ်နံပါတ်၊ ကဒ်၌ ပါရှိသော မိမိ၏ အမည်လိပ်စာ အပြည့်အစုံ့အား AAR ရုံး၏ ဗဟိုကော်မတီဝင် တစ်ဦးဦးထံသို့ ပေးပို့ ထားရန်နှင့် အဆင်ပြေမည်ဆိုပါက မိမိနေထိုင်ရာ အိပ်ခန်း (သို့) မြင်သာမည့် နေရာတစ်ခုခုတွင်  အမည်၊ ကဒ်နံပါတ်များကို ကပ်ထားပေးပါ။

ထောင်၊ ကမ့်တို့တွင် အကျဉ်းကျခံနေကြရသော မလေးရှားနိုင်ငံရှိ ရခိုင်လူမျိုးများသည် ယူအန်မှ လာရောက် တွေ့ဆုံ အင်တာဗျူးပြုလုပ်စဉ်တွင် မိမိအနေဖြင့် မြန်မာနိုင်ငံသို့ လုံးဝပြန်၍ မရနိုင်ကြောင်း ဆိုသည့်အချက်ကို အဓိက ထည့်သွင်း ပြောကြားပေးပါရန်နှင့် မြန်မာပြည်သို့ ပြန်သွားပါက အဖမ်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို ကြိုတင်စဉ်းစားပြီး ဖြေကြားပေးရန်နှင့် ဖြစ်နိုင်မည် ဆိုပါက AAR ရုံးသို့ မေးမြန်းပြီး အကြံအဥာဏ်၊ အကူအညီများ တောင်းခံရယူပါရန်။

ညအချိန်မတော် တစ်ယောက်တည်း သွားလာခြင်း၊ အရက်သေစာ သောက်သုံးခြင်း စသည့် အချက်များကို မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ/လျှောက်ထားသူများ အနေဖြင့် အထူးရှောင်ရှားရမည် ဖြစ်သည်။

(AAR) အနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ အကူအညီများ ပေးပါ သနည်း?

AAR အနေဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူများများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ပြသ၍ ဆေးရုံတင်ကုသရန် လိုအပ်သည်ဟု ညွှန်ကြားလာပါက ကျန်းမာရေး တာဝန်ခံများ ဖြစ်ကြသည့် – ကိုညွန့်ဝင်း (ဖုန်း – ၀၁၂ ၉၇၄၃ ၁၃၅၈) ၊ မခိုင်ဇင်မျိုး   (ဖုန်း – ၀၁၆ ၃၉၅၀ ၂၈၉) တို့အား ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆေးရုံတင်ရန် လိုအပ်သည့် လူနာများ (အရေးပေါ် မဟုတ်သည့် လူနာများ) ကို ရှေးဦးစွာ AAR နှင့် UNHCR တို့ အသိအမှတ်ပြုထားသော ဆေးခန်းများသို့ ပို့ဆောင်ပေးပြီး ၎င်းဆေးခန်းများမှ ထောက်ခံချက်ဖြင့် ဆေးရုံတင် ကုသမှုခံယူနိုင်ရန် UNHCR နှင့် ပူးပေါင်းပြီး ဆေးကုသစရိတ် ၅၀ ရာခိုင်နှုန်း ရရှိရန် ဆောင်ရွက် ပေးသည်။ ဆေးကုသစရိတ် ၅၀ ရာခိုင်နှုန်း ရရှိသူများကို လည်း ယူအန်၌ လျှောက်လွှာတင်ခွင့် ရရှိရန် ဆောင်ရွက်ပေးနေပါသည်။

ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပြီး (သို့မဟုတ်) ပို့ဆောင်လိုပါက ရခိုင်ဒုက္ခသည်များ မဟာမိတ်ရုံး (AAR) သို့ အမြန်ဆုံး ဆက်သွယ်ကာ အကူအညီများ ရယူနိုင်ပါသည်။

Alliance of Arakan Refugees (AAR) ကဒ်ကို မည်သူများ ကိုင်ဆောင်နိုင်ပါသနည်း၊ အဘယ်ကြောင့် ကဒ်လုပ်ခအဖြစ် ရင်းဂစ် ၆၀ အား ပေးဆောင်ရပါသနည်း?

ရခိုင်လူမျိုး အမိအဖ နှစ်ပါးမှ မွေးဖွားလာသူများနှင့် ရခိုင်လူမျိုးစုငယ်များဖြစ်ကြသည့် သက်၊ ခမိ၊ ဒိုင်းနက်၊ မာရမာကြီး၊ ကမန်နှင့် မြို စသည့် လူမျိုးစုများသည်လည်း ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ကဒ်ကို ကိုင်ဆောင်နိုင်ပါသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သူများ၊ သုံးစွဲသူများနှင့် လူမျိုးခြားများအား AAR ကဒ်အား ကိုင်ဆောင်ခွင့်မပြုပါ။ AAR ကဒ် ကိုင်ဆောင်သူများကို AAR အဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုထားပြီး အသင်းဝင်ကြေးအဖြစ် တစ်လလျှင် ရင်းဂစ် ၁၀ ၊ ၆ လစာအတွက် ရင်းဂစ် ၆၀ ကို ယူဆောင် ထားခြင်း ဖြစ်ပါသည်။

Alliance of Arakan Refugees (AAR) ကဒ်ကိုင်ဆောင်သူများအနေဖြင့် မည်သည့် စည်းကမ်းများကို လိုက်နာရပါမည်နည်း?

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) ၏ အဖွဲ့ဝင် ကဒ်ကိုယ်ဆောင်ထားသူများသည် မူးယစ်ဆေးဝါး ရောင်း/၀ယ် ဖောက်ကားခြင်း မပြုလုပ်ရ။ မိမိ ကိုင်ဆောင်ထားသည့် ကဒ်ကို တစ်ခြားတစ်ဦးသို့ လွှဲပြောင်း ကိုင်ဆောင်ခြင်း မပြုလုပ်ရ။ ကဒ် သက်တမ်းမကုန်ဆုံးမီ ကဒ်ပြန် လှဲရမည် ဖြစ်သည်။

Alliance of Arakan Refugees (AAR) မှ မည်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါ သနည်း?

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) သည် ယူအန်နှင့် အဖမ်းအဆီး၊ ကျန်းမာရေး၊ ပညာရေး၊ မဟာမိတ်ဆက်ဆံရေး၊ အမျိုးသမီးရေးရာ၊ ပြန်ကြားရေးနှင့် စည်းရုံးရေး စသည့် ဌာနများကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ တဖန် မလေးရှားနိုင်ငံရှိ ရခိုင်ပြည်သူလူထုများ၏ အခက်အခဲများကို ထိရောက်စွာ ကူညီဆောင်ရွက် နိုင်ရန်အတွက် AAR – ဘာတာဝါ့ ရုံးခွဲအား ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ အခြား မြို့နယ်များတွင် လည်း ရုံးခွဲများ ထပ်မံ ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးစားလျက်ရှိပါသည်။

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: