Category Archives: ဆောင်းပါးကဏ္ဍ

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

အောင်ရဲလင်း (စစ်တွေ)

သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှား ဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့်ပါဝင်တဲ့ လုပ်ငန်းစဉ် တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။ ဒီ ညွှန်ကြားချက်ရဲ့ အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသား တစ်နေ့ထက်တစ်နေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့  တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံ တင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ် လာခဲ့တာပါ။ Read the rest of this entry

Advertisements

ချိန်တန်ပြီလား မလေးရှား

စာရေးသူ – မန်းကိုကို

ဇူလိုင် ၉ ရက်နေ့မှာ မဲရွေးချယ်မှုတရားမျှတရေးခေါင်းစဉ်နဲ့ လူပေါင်းသောင်းချီပြီး ကွာလာလန်ပူမြို့ထဲမှာ ဆန္ဒပြ ခဲ့တာ ကြားသိကြမှာပါ။ သံယောဇဉ် နက်နက်နဲနဲရှိလှတယ် မဟုတ်ပေမယ့် ဘဝရဲ့ ဆယ်စုနှစ် တစ်ခုနီးနီး အချိန်အကုန် ခံခဲ့တဲ့ နေရာဒေသမို့ မေ့လို့မရပဲ မကြာခဏစိတ်ထဲ ကြုံရင် ကြုံသလို ပြန်ဝင်လာတတ်ရာက အခုဖြစ်သွားတဲ့ဖြစ်ရပ်က အရင် သိထားမိတာတွေနဲ့ တွဲယှဉ် စဉ်းစားစရာတွေ ဖြစ်လာပါတယ် ။

မလေးရှားလို့ဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ မကြာခင်က ထွက်လာခဲ့တဲ့၊ သြစတြေးလျရဲ့ ခိုလှုံသူအယောက် ၄,၀၀၀ လက်ခံမယ်ဆိုတဲ့သတင်းကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီသတင်းကြောင့် ယိုးဒယားခိုလှုံရာစခန်းတွေမှာ တတိယနိုင်ငံထွက်ဖို့ မစောင့်နေနိုင်တော့လို့ မလေးရှားကို သွားချင် သူတွေတောင် ရှိတယ်လို့ ကြားမိလိုက်ပါသေးတယ်။ အဲဒီလိုအတွေးဝင်မိသူတွေ မျောက်သစ်ကိုင်း လွတ်နိုင်တဲ့ အရေး တွေးပြီး ရင် တော့လေးပါတယ်။

Read the rest of this entry

မလေးရှားနိုင်ငံမှ တက္ကသိုလ်နှင့် ကောလိပ်များအကြောင်း သိကောင်းစရာ

စုစည်းတင်ပြသူ – ဦးရည်မွန်

မလေးရှားနိုင်ငံတွင် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်၊ ကောလိပ်ကျောင်းပေါင်း (၅၀) ကျော် ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံရှိ မိမိတို့၏ မိသားစု၊ ဆွေမျိုးသားချင်းများထဲမှ မလေးရှား တက္ကသိုလ်၊ ကောလိပ် ကျောင်းများတွင် ပညာသင်ကြားလိုပါက ကျောင်းများ ရွေးချယ်ရာတွင် မှန်မှန် ကန်ကန် ဖြစ်စေရန် အတွက် The Star ပါ သတင်းများကို မှီငြမ်း၍ သတင်းဆောင်းပါး အဖြစ် ဖော်ပြပေး လိုက်သည်။

မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ မလေရှားနိုင်ငံတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များကို အဆင့် (၆) ဆင့်ဖြင့် ခွဲခြား သတ်မှတ်ပေးခဲ့သည်။ အဆင့်ကို အင်္ဂလိပ်ဘာသာဖြင့် (Tier) ဟု ခေါ်၍ ယင်းအဆင့် တစ်ခုစီကို အဓိပ္ပာယ် သတ်မှတ်ချက်များဖြင့် ဖော်ပြသည်။ Tier 6 (အဆင့် – ၆) ကို Outstanding ဟု လည်းကောင်း ၊ Tier 5 (အဆင့် – ၅) ကို Excellent ဟုလည်းကောင်း ၊ Tier 4 (အဆင့် – ၄) ကို Very Good ဟုလည်းကောင်း ၊ Tier 3 (အဆင့် – ၃) ကို Satisfactory ဟုလည်းကောင်း ၊  Tier 2 , Tier 1  ကို  Weak ဟု၍လည်းကောင်း အသီးသီး သတ်မှတ်သည်။ Read the rest of this entry

ငွေကြေးအတွက် ပစ်မှတ်ဖြစ်လာသော ဒုက္ခသည်

စာရေးသူ – လင်းအာရုဏ်

မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေမှုတို့ကြောင့် နည်းမျိုးစုံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ အနာဂတ် ဟာ နေဝင်ချိန်ကို ရောက်ရှိနေပါပြီ။

ပြည်တွင်းအစိုးရနဲ့ ပြည်ပအတိုက်အခံတွေကြား အခြေအနေ ပျက်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကိုယ်စီကို အသစ် တဖန် ပြန်လည် တည်ဆောက်နိုင်ရေးတွက် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တခုတည်းကိုပဲ အားကိုးမှီခို နေခဲ့ရတာပါ။

Read the rest of this entry

နိုင်ငံသားမှန်လျှင် နိုင်ငံရေး၌ ပါဝင်ဆင်နွှဲသင့်သည်

စာရေးသူ – ခိုင်မျိုးဆက်

သဘာဝအရ၊ လူသည် မွေးရာပါ အတ္တဗဟိုလ်ပြု ဗီဇများနှင့်အတူ၊ လူ့လောက၌ ရှင်သန် ကြီးပြင်းလာခဲ့ကြရသည်။ သို့ဖြစ်ရကား လူသားအဖို့ မိမိတို့၏ အတ္တအကျိုးနှင့် ပတ်သက်၍ အထူးတလည် လေ့ကျင့် သင်ကြားပေးနေစရာမလိုအပ်ဘဲ အလိုအလျောက် တတ်မြောက် နားလည်ထားပြီး ဖြစ်သည်။

Read the rest of this entry

စကားပြောခန်းမပါတဲ့ ငြိမ်းချမ်းရေးဝတ္ထု

စာဖတ်သူများသို့ …

ရေးထားတာကကြာပါပြီ။ ပြည်ပမှာထုတ်ဝေနေတဲ့ ဂျာနယ်တခုအတွက် ရေးခဲ့တာပါ။ အခြေအနေ အရပ်ရပ်နဲ့ ဘလော့ပေါ်တင်ဖို့ နောက်ကျခဲ့တာကို နားလည်ပေးစေချင်ပါတယ်။ တချို့ အကျအပေါက်လေးတွေ နည်းနည်းတို့ထိပြင်ဆင်ထားတဲ့အတွက် ဂျာနယ်မှာ ပါတဲ့မူနဲ့ ကွဲလွဲပါ လိမ့်မယ်လို့ ပြောပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (စာရေးသူ)

စကားပြောခန်းမပါတဲ့ ငြိမ်းချမ်းရေးဝတ္ထု

ဟူးခနဲမြည်အောင်ကို သက်ပြင်းမောကြီး မှုတ်ထုတ်လိုက် မိတယ်။ သွားပြီ မမီတော့ဘူး။ ငါ့ကိုက ညံ့လွန်းချာ လွန်းပါတယ်လေလို့လဲ ကိုယ့်ကိုယ် ကိုယ်ပဲ သတ္တုချလိုက် ရတာပေါ့။ ရက်သိပြီးသားပေမယ့် ပြက္ခဒိန်ဆီ အ ကြည့်ရောက် တယ်။ ၁၈ ရက်။ ၁၅ ရက်ဖြစ်လိုက် ပါတော့လား။ ၈ ကို အ မြီးရှည်ရှည် အကောက်လေးထည့်လိုက်ရင် ၁၅ ရက် ဖြစ်သွားမှာ။ ဒါ ပေမယ့် သူချိန်းထားတဲ့ ၁၅ ရက် ကတော့ ပြန် ဖြစ်မလာတော့ပါဘူး။ ၃ ရက်လွန်ခဲ့ပြီ။

Read the rest of this entry

သမိုင်း သက်သေ တည်စေညွှန်း

စာရေးသူ – ကျော်သောင်း

နိုင်ငံရေးနဲ့ လူမျိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မရေးချင်ဘူး။ ကိုယ်က ပိစိကွေးလေး။ ဒါပေမယ့် RFA ရေဒီယို မှာ ပါတဲ့ နေပြည်တော် လွှတ်တော် သတင်းတစ်ပုဒ်ကို နားထောင်ရတော့ ကျနော်သိခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွက်တိဖြစ်နေတာကြောင့်  ရေးပြချင်တဲ့ စိတ်တွေက ရေးဖြစ်အောင် စေ့ဆော်ခဲ့တယ်။

၂၀၁၁နှစ်မတ်လ ၁၄ ရက်နေ့က ကြပ်ပြေးနေပြည်တော်ပြည်သူ့ လွှတ်တော်မှာ ရခိုင်အမတ် တစ်ဦးနဲ့ ချင်း အမတ် တစ်ဦးတို့ တင်ပြကြတဲ့ အဆိုကို မဲခွဲဆုံးဖြတ်စရာမလိုပဲ မိမိကိုယ်ကို ရုပ်သိမ်း ရတယ်ဆိုတဲ့ စိတ်ဆင်းရဲဖွယ် လွှတ်တော်သတင်းကြောင့် ဖြစ်တယ်။

Read the rest of this entry

မလေးရှားရောက် မြန်မာမိန်းကလေးများ လိမ္မာရေးခြား ရှိကြစေချင်

စာရေးသူ – တင်အောင် (ဒဂုံ)

ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က အပတ်စဉ် အဲဒီနေ့ ည ၉ နာရီမှာ TV 3 ခေါ် မလေးရှားက အဓိက ရုပ်သံလွှင့်လိုင်းက တင်ဆက်နေကျ ကိုးသုံးလုံး (၉၉၉) ခေါ်တဲ့ ရဲဌာနရဲ့ မှုခင်းဆိုင်ရာ သတင်း မှတ်တမ်း အစီအစဉ်လေးကို မိတ်ဆွေတစ်ချို့နဲ့ ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ စာရေးသူဟာ အဲဒီ ကိုးသုံးလုံး အစီအစဉ်လေးကို ကြာသပတေးနေ့ ညတိုင်း မှန်မှန် မပျက်မကွက် စောင့်ကြည့်သူ တစ်ဦးပါ။ အကြောင်းက အဲဒီ အစီစဉ်မှာ K.L အပါအဝင်၊ မလေးရှား တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုဆိုင်ရာ မှုခင်းသတင်းတွေ အပါအဝင် ကားတိုက်မှုကြီးတွေ၊ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အော်ပရာစီ ခေါ်တဲ့ စီမံချက်တွေနဲ့ ဖမ်းဆီးတဲ့သတင်း မှတ်တမ်းတွေ၊ ကာရာအိုကေနဲ့ ညကလပ်တွေ စပါး (Spa) နဲ့၊ အနှိပ်ခန်းတွေကို ဝင်ရောက် ဖမ်းဆီးတာတွေကို အထူးသဖြင့် တင်ဆက်လေ့ရှိတာကြောင့်ပါ။

Read the rest of this entry

၂ဝ၁၂ မှာ ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာလား

စာရေးသူ – ဒီနွေဦး

၂၀၁၂ မှာ ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာလား..ဆိုတဲ့ မေးခွန်းကို ကျွန်တော် ၂၀၁၀ အစောပိုင်းကနေ မြင်တွေခဲ့ရတာပါ။ အဲဒီမေးခွန်းဟာ ယုတ္တိမတန်ခဲ့လို့ ကျွန်တော်တို့ အလေးအနက် မထားခဲ့ကြပါဘူး။

7 Days ဂျာနယ်မှာလည်း ကောလဟသာ သတင်းသာဖြစ်ကြောင်း ကမ္ဘာကြီးဟာ မပျက်စီးနိုင် ကြောင်း မြန်မာနိုင်ငံ နက္ခတ်အသင်းက ဖြေရှင်းချက်တွေနဲ့အတူ ဖော်ပြခဲ့ပြန်ပါတယ်။ ဒါပေမယ့် အဲလိုဖော်ပြပြီးတဲ့ နောက်ပိုင်း သိပ်မကြာခင်မှာပဲ အဲဒီဂျာနယ်မှာပဲ ဆက်ပါလာခဲ့ပါတယ်။ မြန်မာနိုင်ငံ နက္ခတ်ဗေဒအသင်းကနေ ဖော်ပြထားတာပါ။ ၂၀၁၂ မှာ ကမ္ဘာကြီးဟာ တစ်ခုခု ပြောင်းလဲလိမ့်မယ်လို့ ဆိုလာပြန်ပါတယ်။ နက္ခတ်တွေအရ အဲဒီကာလမှာ မိုးကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ မြေပြိုခြင်း စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုခဲ့ပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်ဟာ တကယ် ဖြစ်နိုင် မဖြစ်ဆိုတာကို သာမန်လူငယ် တစ်ယောက် အတွေးမျိုးနဲ့ ဒီနေ့ထိ တွေးတော လေ့လာ စဉ်းစား နေခဲ့ပြန်ပါတယ်။

Read the rest of this entry

မိတ်ဆွေတို့ရဲ့ စာနာနားလည်မှုနှင့် ချစ်ချင်းမေတ္တာ

မနှင်းဆီရဲ့ ဘဝက ခက်ခဲကြမ်းတမ်းလှပါတယ် (အမည်ရင်း မဟုတ်ပါ)။ သူမရဲ့ ညီမနှစ်ယောက်နဲ့ အတူ လွန်ခဲ့တဲ့ ၂နှစ်ခန့်က သူမတို့ ဇာတိကနေ ထွက်လာခဲ့ကြတယ်။ သူတို့ ထိုင်း-မြန်မာ နယ်စပ် အထိ ရောက်ဖို့ လှေ ၂ဆင့် စီး လာကြရတယ်။ အဲဒီကနေ ထိုင်း-မလေးရှားနယ်စပ်ကို ဝင်ရောက်ပြီး၊ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကို ရောက်ခဲ့တာပါ။ သူတို့ခရီးစဉ် တလျောက်  လုံလုံခြုံခြုံ၊ အန္တရာယ်ကင်းကင်း ရောက်ဖို့အတွက် ငွေကြေးအမြောက်အမြား ကြိုတင်ပေးပြီးမှ ရောက်ခဲ့တာ ဖြစ်တယ်။

အခုမှ ၂၅ နှစ် သာရှိပြီး၊ သေးငယ်သွယ်လှတဲ့ ခန္ဓာကိုယ်ပိုင်ရှင် သူမရဲ့ ဒုက္ခတွေက အဲဒီမှာတင် အဆုံးမသတ်ခဲ့ပါ။ ကွာလာလမ်ပူ ရောက်လို့ ၂ လအကြာ (၂၀၀၇ အောက်တိုဘာလ) မှာတော့ သူမ စပြီး ဖျားတယ်၊ ချောင်းဆိုးတယ်၊ ကိုယ်အလေးချိန် လျော့ကျလာတယ်။ ထိုင်း-မလေးရှား နယ်စပ် မရောက်မီ တောထဲမှာ ရက်အတော်ကြာကြာ ပုန်းရောင်နေခဲ့ရလို့ သူမမှာ ငှက်ဖျားရခဲ့လို့ သူမအခုလို ဖျားရတာလား၊ ချောင်းဆိုးတာလဲ သူမမှာ တီဘီရှိ နေတာကြောင့်လား အမျိုးမျိုး ထင်နေမိတယ်။ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာပြပြီး စစ်ဆေးကြည့်တဲ့အခါ ဆရာဝန်က သူမမှာ ခုခံအားကျရောဂါ – အိတ်ခ်ျအိုင်ဗီ ရှိနေကြောင်း ဆေးစစ်ချက် ထုတ်ပေးခဲ့တယ်။
Read the rest of this entry

%d bloggers like this: